www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 12, 2018

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့် ခြင်းကျင်းပ



မန္တလေး ၁၂-၄-၂ဝ၁၈

၁၃၇၉ ခုနှစ် ခရစ်နှစ် ၂ဝ၁၈ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ကျုံးတောင်ဘက်၂၆ လမ်းရှိ မဏ္ဍပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဝတ်စုံပြည့် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ရာသို့ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာရဲလွင်နှင့် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ အပါအဝင် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

အစမ်းလေ့ကျင့်ခြင်း အခမ်းအနားတွင် ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်၊ မန္တလေးနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆန်းဆင့်၊ ပန်းချီဆရာကိုကိုကြီး၊ ကဗျာဆရာ တက္ကသိုလ် မောင်ထွန်းဝေနှင့် တာဝန်ရှိသူများက မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေးအမှတ် အဖြူရောင်ချိုးငှက်ပုံပါ အပြာရောင် မိုးပျံဘောလုံးများ လွှတ်တင်ကြသည်။

ထို့နောက် မန်းစည်ပင်ယိမ်းအဖွဲ့နှင့် ကျောင်းသူ ယိမ်းအဖွဲ့ဝင် ဦးရေ ၅ဝဝ တို့က အစမ်းလေ့ကျင့် ကပြဖျော်ဖြေခဲ့ကြရာ သင်္ကြန်ချစ်သူ ပြည်သူများက လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ သင်္ကြန်သီချင်းများ ဖြင့်ဖျော်ဖြေခဲ့ကြပြီး မဏ္ဍပ်အပေါ်နှင့်အောက် အပြန်အလှန်ယိမ်းအက အစမ်းလေကျင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger