www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 14, 2018

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ လူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်မည်



ရန်ကုန် ၁၄-၂-၂ဝ၁၈

ရန်ကုန်မြို့ပတ် ရထားလမ်းရှိ ရန်ကုန်အင်းစိန် လမ်းပိုင်းတွင် ရထားလမ်းကူး လူကူးခုံးကျော်တံတား ရှစ်စင်းအပါအဝင် မြို့တစ်ပတ်လုံး လူကူးခုံးကျော်တံတား ၃၅ စင်းကို လာမည့် ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ရန် အစီအစဉ် ရေးဆွဲထားကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မလိုလားအပ်သော ရထားအန္တရာယ်များ ပေါ်ပေါက်မှု မရှိစေရန် ရထားလမ်း တစ်လျှောက်တွင် ခြံစည်းရိုးကာရံသည့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ရထားလမ်းကူး လူကူးခုံးကျော် တံတားများကိုလည်း ဘဏ္ဍာငွေပေါ် မူတည်၍ တည်ဆောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရန်ကုန်-အင်းစိန်လမ်းအတွင်း တည်ဆောက်ရန် လျာထားသည့် တံတားရှစ်စင်းမှာ အလုံလမ်းဘူတာနှင့် ပန်းလှိုင်လမ်း ဘူတာကြားတွင် နှစ်စင်း၊ လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြားတွင် သုံးစင်း၊ကမာရွတ်ဘူတာနှင့် သီရိမြိုင်ဘူတာကြားတွင် နှစ်စင်း၊ သမိုင်းမြို့သစ်ဘူတာနှင့် ကြို့ကုန်းဘူတာကြားတွင် တစ်စင်း စသည်ဖြင့် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ရန်ကုန်-မင်္ဂလာဒုံလမ်း၌ လျာထားသည့် တံတား အစင်း ၂ဝ မှာ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားတွင် တစ်စင်း၊ မလွှကုန်းဘူတာနှင့် မေတ္တာညွန့် ဘူတာကြားတွင် နှစ်စင်း၊ မေတ္တာညွန့်ဘူတာနှင့် တာမွေဘူတာ ကြားတွင် နှစ်စင်း၊ တာမွေဘူတာနှင့် ဘောက်ထော် ဘူတာကြားတွင် နှစ်စင်း၊ ဘောက်ထော်ဘူတာနှင့် ကံဘဲ့ဘူတာကြားတွင် နှစ်စင်း၊ ကံဘဲ့ဘူတာနှင့် ပါရမီဘူတာကြားတွင် တစ်စင်း၊ ပါရမီဘူတာနှင့် ရေကူးဘူတာကြားတွင် တစ်စင်း၊ ရေကူးဘူတာနှင့် တံတားကလေး ဘူတာကြားတွင် တစ်စင်း၊ တံတားကလေးဘူတာနှင့် ကျောက်ရေတွင်း ဘူတာကြားတွင် နှစ်စင်း၊ ကျောက်ရေတွင်း ဘူတာနှင့် ပုရွက်ဆိတ်ကုန်း ဘူတာကြားတွင် သုံးစင်း၊ပုရွက်ဆိတ် ကုန်းဘူတာနှင့် မြောက်ဥက္ကလာပ ဘူတာကြားတွင် တစ်စင်း၊ မြောက်ဥက္ကလာပဘူတာနှင့် ဝေဘာဂီဘူတာ ကြားတွင် တစ်စင်း၊ ဝေဘာဂီဘူတာနှင့် မင်္ဂလာဒုံဘူတာကြားတွင် တစ်စင်းတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

မင်္ဂလာဒုံ-တညင်းကုန်း အပိုင်းတွင် တည်ဆောက်ရန် လျာထားသည့် တံတားသုံးစင်းမှာ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေး ဘူတာကြားတွင် နှစ်စင်း၊ မင်္ဂလာဒုံဈေးဘူတာနှင့် ကျိုက္ကလဲ့ဘူတာကြားတွင် တစ်စင်းတို့ဖြစ်ပြီး အင်းစိန်-တညင်းကုန်း အပိုင်းတွင် လျာထားသည့် တံတားလေးစင်းမှာ အင်းစိန်ဘူတာနှင့် ရွာမဘူတာကြားတွင် နှစ်စင်း၊ ရွာမဘူတာနှင့် ဖော့ကန်ဘူတာကြားတွင် တစ်စင်း၊ ဖော့ကန်ဘူတာနှင့် အောင်ဆန်း ဘူတာကြားတွင် တစ်စင်းတို့ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger