www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 12, 2018

မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧရိယာအသစ် ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည်



စစ်ကိုင်း ၁၂-၁-၂ဝ၁၈

စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧက ငါးသောင်းကျော် ရှိသည့်အနက် ဧကသုံးသောင်းကျော်ကို ဘေးမဲ့တော ဧရိယာအတွင်းမှ ပယ်ဖျက်သွားပြီး ဘေးမဲ့တော ဧရိယာအသစ် ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ယခုအခါ မင်းဝံတောင်ဘေးမဲ့ ကာကွယ်တော ဧရိယာအတွင်း မြေယာဖော်ဆောင်ခြင်း၊မြို့ဧရိယာတိုးချဲ့ခြင်း၊ သာသနိက အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စက်မှုဇုန် တည်ဆောက်ခြင်း၊ တက္ကသိုလ် ကျောင်း တည်ဆောက်ခြင်းတို့ကြောင့် မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧက ငါးသောင်းကျော် ရှိသည့်အနက် ဧကသုံးသောင်းကျော်ကို ပယ်ဖျက်ပြီး ဘေးမဲ့တော ဧရိယာအသစ် ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည် ဖြစ်ကြောင်းစစ်ကိုင်းမြို့နယ် သစ်တောဦးစီး ဌာနမှဦးစီးမှူး ဦးညွန့်လှိုင်က ပြောပြသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ် တောဧရိယာကို ဘေးမဲ့တော ဧရိယာအသစ် ပြန်လည်ပြင်ဆင် သတ်မှတ်ရန်အတွက် သစ်တောဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီး ဌာနနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများဖြင့် ပြန်လည်ပြင်ဆင် သတ်မှတ်မည့် ဘေးမဲ့ကာကွယ်တော ဧရိယာကို ၂ဝ၁၆ ခုနှစ်အတွင်း ကတည်းက နှစ်လကြာ ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနရုံးချုပ် သို့ပြန်လည် တင်ပြပေးခဲ့ပြီး လက်ရှိအချိန်တွင် စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တောကို အသစ်ပြန်လည်ပြင်ဆင် သတ်မှတ်ရခြင်းသည် ဘေးမဲ့ကာကွယ်တောကို ထိန်းသိမ်းရန် လိုအပ်နေခြင်းကြောင့်ဖြစ်ပြီး ဘေးမဲ့တောဧရိယာကို အသစ်ပြန်လည် ပြင်ဆင်ပြီးပါက ဘေးမဲ့ကာကွယ် တောဧရိယာအဖြစ် ဘုတ်တိုင်များ ထူထောင်ပြီး အများပြည်သူသိရှိစေရန် အသိပေးဆိုင်းဘုတ် ထောင်ခြင်းနှင့် ဘေးမဲ့ကာကွယ်တောအတွင်း ခုတ်ထွင်ရှင်းလင်းတူးဆွ ခြင်းမပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူသွားဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger