www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 11, 2017

ကွမ်းသီးပေါ်ချိန်ရာသီဖြစ်သော်လည်း အထွက်နည်းမှုကြောင့် ဈေးနှုန်းမြင့်



မော်လမြိုင်ကျွန်း ၁၁-၁၂-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ ဒီဇင်ဘာလတွင် ကွမ်းသီးပေါ်ချိန် ဖြစ်သော်လည်း အထွက်နည်းမှုကြောင့် ကွမ်းသီးဈေးနှုန်းများ မြင့်တက်နေကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းများမှ သိရသည်။

"မနှစ်ကထက် ဈေးကတော်တော်တက်တယ်။ အခုကာလက ကွမ်းသီးပေါ်နေတဲ့ကာလ ဆိုပေမယ့် ကွမ်းသီးကအရင်နှစ်လောက် မထွက်တော့ဘူး။ အထွက်တော်တော်လေး လျော့လာတယ်။ ကွမ်းခြံပိုင်ရှင်တွေကလဲ ကုန်သည်တွေ ဘက်ကိုတင်ပို့တာ တအားလျော့ကျ လာတယ်။ ဒါကြောင့် ကွမ်းသီးထွက် တဲ့ဒေသ ကွမ်းသီးပေါ်နေပေမယ့်လဲ ဈေးကမြောက်နေတာ။ ဈေးမြောက်နေပေမယ့်လဲ ရောင်းအားကတော့ ပုံမှန်ပါပဲ" ဟုမော်လမြိုင်ကျွန်းမြို့မှ ကွမ်းသီးကုန်သည် တစ်ဦးက ပြောပြသည်။

လက်ရှိကွမ်းသီး ဈေးနှုန်းများမှာ အမှည့်အလုံး ၁ဝဝလျှင် ငွေကျပ် ၁၆ဝဝ၊ နေလှန်းပြီးအခြောက် တစ်ပိဿာလျှင် ငွေကျပ်၅၅ဝဝ ထိပေါက်ဈေးရှိပြီး ၂ဝ၁၆ခုနှစ် ကွမ်းသီးပေါ်ချိန်က ကွမ်းသီးအမှည့်အလုံး ၁ဝဝလျှင် ငွေကျပ်၇ဝဝ၊နေလှန်းပြီး အခြောက်တစ်ပိဿာလျှင် ငွေကျပ်၃၅ဝဝသာ ရှိခဲ့ကြောင်း သိရသည်။

မော်လမြိုင် ကျွန်းမြို့နယ်သည် ကွမ်းသီးထွက်သော ဒေသဖြစ်ပြီးလက်ရှိ ကွမ်းသီးပင်များအိုလာခြင်း၊ အထွက်နှုန်းနည်းလာခြင်း၊ အစားထိုးအပင်များ ပြန်လည်စိုက်နေခြင်း သည်လည်း ကွမ်းသီးဈေးမြင့်တက်နေရခြင်းဖြစ်ကြောင်း၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း ကွမ်းသီးကိုဝဲဒေါင့်၊ ဘုရားကြီး၊ ကျုံဝါး၊ မစိုးရိမ်၊ သရက်ချောင်း၊ ကြူချောင်း၊ တံခွန်တိုင်၊ စခန်းကြီး၊ အလယ်ရေကျော်၊ ပုလွန်စာထနီး၊ပျံကြီးစသည့် ကျေးရွာများက အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger