www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 11, 2017

ဒိုက်ဦးမြို့နယ်၌ တွဲကားတစ်စီး လမ်းဘေးကုက္ကိုပင်ကို တိုက်မိ ယာဉ်ပေါ်ပါသူနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး



ဒိုက်ဦး ၁၁-၁၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အကြောင်ခင်တန်းကျေးရွာ တံတားအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၈၂/၂) နှင့် (၈၂/၃) ကြား၌ ယနေ့ နံနက်က တွဲကားတစ်စီး လမ်းဘေးကုက္ကိုပင်ကို ဝင်တိုက်မိ၍ အခင်းဖြစ်နေရာတွင် နှစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ဘက်မှ ဒိုက်ဦးမြို့ဘက်သို့ မောင်းနှင်လာသော အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲအမျိုးသား တစ်ဦးမောင်းနှင်ပြီး ယာဉ်၏ နောက်အိပ်ခန်းတွင် ကိုအေးကျော်ဆိုသူ လိုက်ပါလာသည့် ယာဉ်အမှတ် YGN 2P/---- တွဲယာဉ်သည် ယနေ့ နံနက် ၄နာရီကလမ်း၏ ယာဘက်ဘေးရှိ ကုက္ကိုပင်ကို ဝင်ရောက်တိုက်မိ ခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါသူ နှစ်ဦးလုံးမှာ ဦးခေါင်းကြေမွ၊ ယာဘက်လက်ပြတ်၊ ယာဘက်ပေါင်ရိုးကျိုး၊ ယာဘက်ပေါင် ကြေမွဒဏ်ရာများ အသီးသီးရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အမည်မသိ (စုံစမ်းဆဲ) ကို ဒိုက်ဦးမြို့မရဲစခန်းကယာဉ် (ပ)၅၂/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃ဝ၄(က)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger