www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 13, 2017

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင် လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား တပ်မတော်ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ထောက်ပံ့ပစ္စည်းများ လိုက်လံပို့ဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးစဉ်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၃-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော်
(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များကလှူဒါန်းသည့် စားသောက် ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော် ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ တောင်ပြိုဝဲကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၁၆၂ ဦး၊ သရဖီကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၉၃ ဦး၊ အထက်ပန်ဆီကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၄၂ဝ ဦး၊ ခမောင်းဆိပ် ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၄၈၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၆ဝ၂ ဦးတို့ကို ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်သည်။

ထို့ပြင် အကြမ်းဖက်မှုလုပ်ရပ်များ ကြောင့်နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့ (၄) မိုင် အခြေခံပညာအထက်တန်း ကျောင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁ဝ၂ ဦး၊ တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၃ ဦး၊ တောင်ပြိုဝဲကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၄ဝ ဦး၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁ဝ ဦးနှင့် ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၄၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger