www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

မြန်မာ့လက်ဖက်ပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်



မန္တလေး ၊ ၂၁-၃-၂၀၁၇

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲများကို မေလတတိယပတ် ထဲတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများနှင့် မြန်မာ့လက်ဖက် အစုအဖွဲ့ (ရန်ကုန်) သတင်းများအရ သိရသည်။

ယခု မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါပြပွဲနှင့် ပြိုင်ပွဲများကို မန္တလေးမြို့တွင် ယခုနှစ် မေလ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ လက်ဖက်ပြပွဲ နှင့်ပြိုင်ပွဲများကို မြန်မာ့လက်ဖက်သုပ် နည်းစနစ် အသစ်များ ထွက်ပေါ်လာ စေရန်နှင့် လက်ဖက်ဈေးကွက် တိုးတက်ကျယ်ပြန့် လာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ကျင်းပပြုလုပ်မည့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲများမှ မြန်မာ့ လက်ဖက်သုပ်နည်း အသစ်များ၊ ချက်ပြုတ်နည်း အသစ်များ ထွက်ပေါ်လာပါက မြန်မာ့လက်ဖက်ကို လက်ရှိပဲကြော်နှင့် သုပ်စားနေသည့် နည်းအပြင် အခြားသော နည်းမျိုးစုံ များ ထပ်မံထွက်ပေါ် လာမည်ဖြစ်သည်။ ထို့ပြင် လက်ဖက်ပြပွဲနှင့် ပြိုင်ပွဲများတွင် မြန်မာ့ လက်ဖက်သုပ် နည်းစနစ်သစ်များ ဖန်တီးနိုင်မည့် ပြိုင်ပွဲများ၊ မြန်မာ့ လက်ဖက်ရည်ဝိုင်း စသည့်ပြိုင်ပွဲ အမျိုးအစား ၁ဝ မျိုးခန့်ကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ဖက် ပြပွဲ၊ ပြိုင်ပွဲတွင် လက်ဖက် လုပ်ငန်းရှင်ဦးရေ ၃ဝ ကျော် လာရောက်ပြသရန် မျှော်မှန်းထားပြီး ပြခန်း ၃ဝ ကျော် ပြသရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger