www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ


စင်ကာပူရေတပ်မှ စစ်ရေယာဉ်များ ရန်ကုန်မြို့ သန်လျင် သီလ၀ါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၁-၃-၂၀၁၇

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ် RSS VALOUR နှင့် RSS VICTORY တို့သည် ယမန်နေ့နံနက် ၇ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ ကြရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက သန်လျင် သီလဝါဆိပ်ကမ်း MITT တံတား၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Lt.Col.CHUAH MENG SOON ဦးစီး၍ အရာရှိ ၁၆ ဦး၊ အခြားအဆင့် ၉၈ ဦး၊ စုစုပေါင်း ၁၁၄ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၆ ရက်မှ ၂ဝ ရက်အထိ ငါးရက်ကြာ ချစ်ကြည်ရေးခရီး အတွင်း ရွှေတိဂုံ စေတီတော်အား ဖူးမြော် ကြည်ညိုခြင်း၊ နှစ်နိုင်ငံ ရေတပ် ချစ်ကြည်ရေးဘောလုံး ကစားခြင်းနှင့် ရန်ကုန်မြို့တွင်းရှိ အထင်ကရ နေရာများအား လေ့လာလည်ပတ် ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger