www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 23, 2017

ငလျင်ဒဏ်ကြောင့် အကြီးစားပျက်စီးခဲ့သည့် ပုဂံဘုရားအဆူ ၅၀ ကို ဧပြီလဆန်းတွင် ပြုပြင်မည်



ရန်ကုန် ၊ ၂၃-၃-၂၀၁၇

ငလျင်ဒဏ်ကြောင့် အကြီးစား ပျက်စီးခဲ့သည့် ရှေးဟောင်း ပုဂံဘုရားအဆူ ၅ဝ အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဧပြီ လဆန်းပိုင်းတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

ငလျင်ဒဏ် စတင်ဖြစ်ပေါ်သည့် အချိန်တွင် သာမန်နှင့် အသေးစား ထိခိုက်ပျက်စီးသော စေတီ၊ ပုထိုးများကိုသာ ပြုပြင်မှုများ ရှိခဲ့ပြီး ဧပြီလတွင် နရသီဟပတေ့ ဘုရား၊ မင်္ဂလာစေတီ ကဲ့သို့သော ပျက်စီးမှုများသည့် ဘုရားအဆူ ၅ဝ ကို စတင်ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။

''ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ အကြီးစားပျက်စီးတဲ့ ဘုရားအဆူ ၅ဝ ကို ပြုပြင်မယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက် ကတော့ ဧပြီလဆန်းမှာ စတင်မယ်။ ကျွန်တော်တို့ ဌာနကတော့ သင်္ကြန်ပြီးမှ စမယ်။ စူဠာမဏိ လို ဘုရားတွေ၊ မင်္ဂလာစေတီ လိုဘုရားတွေ ကျတော့ လုပ်ငန်းပမာဏ ကြီးတော့ ယန္တရားကြီးတွေနဲ့ အသုံးပြုရတယ်။ ပျက်စီးမှု များတယ်။ လုပ်ငန်းပမာဏ နည်းနည်းကြီးတဲ့ ဘုရားတွေကို ဆောက်လုပ်ရေးကို လွှဲရတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

ပထမအဆင့် ဦးစားပေး ပြုပြင်ရန်လိုအပ်သည့် ဘုရားများအနက်မှ အကြီးစား ပျက်စီးသည့် ဘုရားအဆူ ၂ဝ၊ ဒုတိယအဆင့် ဦးစားပေးမှ အကြီးစားပျက်စီးသည့် ဘုရား ၁၅ ဆူ၊ တတိယဦးစားပေးမှ ဘုရား ၁၅ ဆူ စုစုပေါင်း ဘုရားအဆူ ၅ဝ ကို ပြုပြင်မည် ဖြစ်ပြီး ဇန်နဝါရီလ အတွင်းပြုပြင်ရန် လျာထား ခဲ့သော်လည်း ပညာရှင်များ၏ အကြံပြုချက်များ၊ အသေးစိတ် တွက်ချက်မှုများ အရ ဧပြီလဆန်းတွင် ပြုပြင်မည် ဖြစ်သည်။

ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ဘုရားပေါင်း ၃၈၅ ဆူပျက်စီးခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထိခိုက်ပျက်စီးမှု နည်းပါးသော စေတီ၊ ပုထိုး ၂၂၄ ဆူအား ပြုပြင်ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger