www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 24, 2017

(၆၇)ကြိမ်မြောက် ကမ္ဘာ့မိုးလေ၀သနေ့ အခမ်းအနားကျင်းပ



နေပြည်တော် ၊ ၂၄-၃-၂၀၁၇

(၆၇)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Royal ACE ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ကတော့ သဘာဝ ဘေးလျော့ပါးဖို့၊ မိုးတိမ်များကို အလေးထားစို့ (Understanding Cloud) ဖြစ်ပါကြောင်း၊ ရေသံသရာ လည်ပတ်မှု ဖြစ်စဉ်နှင့် ကမ္ဘာလုံးဆိုင်ရာ ရေသယံဇာတများ ပျံ့နှံ့မှု အခြေအနေ ပုံဖော်ရာတွင် တိမ်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီး ပါကြောင်း၊ မိုးလေဝသ၊ ရာသီဥတုနှင့် ရေတို့အတွက် တိမ်များ၏ အရေးပါမှုသည် လွန်စွာကြီးမားကြောင်း ကို ထင်ရှား ပေါ်လွင်အောင် ဖော်ညွှန်းလိုသည့် အတွက် ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ကို (Understanding Cloud)) ဟု ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ မိုးလေဝသနေ့ကို ၁၉၆၁ ခုနှစ် မတ် ၂၃ ရက်မှစတင်ပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာ ယခုနှစ်ဆိုလျှင် (၅၇) ကြိမ်တိုင် ရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ် က ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးထံမှ ပေးပို့သော ကမ္ဘာ့မိုးလေဝသနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးသည်။

အခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ အငြိမ်းစား အရာထမ်း၊ အမှုထမ်းများအား ဂါရဝပြု ကန်တော့ခြင်း နှင့် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်၊ စိုက်ပျိုးရေး မိုးလေဝသ ပညာရပ်များ ဆိုင်ရာစာတမ်း ၁၇ စောင်ကို စာတမ်းတင်သွင်းသူ များက ဖတ်ကြား ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger