www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

မြန်မာ့ကြယ်လိပ် သားဖောက်ခြင်းလုပ်ငန်းမှ ကြယ်လိပ်များ အောင်မြင်စွာ ပေါက်ဖွားလျက်ရှိ



နေပြည်တော် ၊ ၁၇-၃-၂၀၁၇

မင်းစုံတောင် ဘေးမဲ့တော၊ လောကနန္ဒာ ဘေးမဲ့တောနှင့် ရွှေစက်တော် ဘေးမဲ့တောတို့တွင် မြန်မာ့ကြယ်လိပ် သားဖောက်ခြင်း လုပ်ငန်းများ အောင်မြင်စွာ ပေါက်ဖွားလျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ကောက်နုတ်ချက်များ အရ သိရသည်။

အဆိုပါ တိရစ္ဆာ န်များကို မွေးမြူ သားဖောက်ခြင်းသည် ၄င်းတို့အတွက် နောက်ဆုံးပန်းတိုင် မဟုတ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ခြံလှောင် သားဖောက် မွေးမြူခြင်း၏ အဓိကရည်မှန်းချက်သည် ၄င်းတို့ နေထိုင်ကျက်စားရာ မူလတောထဲသို့ လိုအပ်သော အကောင် အရေအတွက်ကို ပြန်လည်ဖြည့်တင်း ပေးခြင်းအားဖြင့် သဘာဝ တောတောင်နယ်မြေ အတွင်း တိရစ္ဆာ န်များ မူလသဘာဝအတိုင်း နေထိုင်ကျက်စား ရှင်သန်ပြန့်ပွား စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကြယ်လိပ်များ ခြံလှောင် သားဖောက်မှုသည် လွယ်ကူသော်လည်း အောင်မြင်စွာပေါက်ဖွား လာသော ကြယ်လိပ်များကို မူလနေထိုင် ကျက်စားရာဒေသသို့ ပြန်လည် စေလွှတ်သည့်အခါ အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ ရကြောင်း၊ တိရစ္ဆာ န်များ သဘာဝတောတွင်း သို့ ပြန်လည် စေလွှတ်ခြင်းလုပ်ငန်း ၏ အောင်မြင်မှုကို လွှတ်လိုက်သော တိရစ္ဆာန်သည် ဂေဟစနစ် နှင့် အသားကျမှု ရှိ ၊ မရှိနှင့် မျိုးပွားနိုင်မှု အခြေအနေတို့ဖြင့် တိုင်းတာရကြောင်း၊ လိပ်များသည် မျိုးပွားနိုင်သော အရွယ်ရောက်ရန် အချိန် အလွန်ကြာပြီး ၄င်းတို့၏ကြီးထွား မှုမှာလည်း အလွန် နှေးကွေးကြောင်း၊ ထို့ကြောင့် လိပ်များကို တောထဲသို့ ပြန်လည်လွှတ်ခြင်း လုပ်ငန်းအောင်မြင်မှု ရှိ ၊ မရှိကို သိရှိရန် ကာလအတန်ကြာ စောင့်ရကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများ ရှိသော်လည်း တွားသွား သတ္တဝါများကို မူလတောထဲသို့ ပြန်လည် စေလွှတ်သည့် လုပ်ငန်းသည် အခြားနို့တိုက် သတ္တဝါနှင့် ကျေးငှက်များဖြင့် နှိုင်းယှဉ်လျှင် အောင်မြင်မှု ရာခိုင်နှုန်း မြင့်မားလာကြောင်း သိရသည်။

မြန်မာ့ကြယ်လိပ် များကို မင်းစုံတောင် ဘေးမဲ့တောသို့ ပထမအကြိမ် အကောင်ရေ ၁၅ဝ ၊ ဒုတိယအကြိမ် အကောင်ရေ ၃ဝဝ ၊ ရွှေစက်တော် ဘေးမဲ့တောအတွင်း သို့ အကောင်ရေ ၁၅ဝ စေလွှတ်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန သတင်းများအရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger