www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 23, 2017



လားရှိုး ၊ ၂၃-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အတွင်းရှိ ပန်ခေါ် ရေတံခွန်(ဒေသအခေါ်)ခြောက် ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီး သွားများ လာရောက် လည်ပတ်မှု များပြား နေကြောင်း ဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့မှ သိရသည်။

၂ဝ၁၆ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် ဖော်ဆောင် ခဲ့သည့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြားသား ခရီး သွားများအပြင် ဒေသတွင်းမှ ဧည့် သည်များ လာရောက် လည်ပတ်မှု များလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်ခေါ်ရေတံခွန် (ဒေသ အခေါ်) ခြောက်ထပ် ရေတံခွန် သည် လားရှိုး မြို့နှင့်ကိုး မိုင်သာဝေးပြီး ကုန်းညောင် မှတစ်ဆင့် ပန်ဟုမ်း ရွာ၊ ပန်ခေါ်ရွာသို့ ရောက်ရှိပါက ရေတံခွန်သို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

ဒေသတွင်း ခရီးသွား လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အနေဖြင့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီးသွား ဧည့်သည်များ လာ ရောက်လည်ပတ် နိုင်ရန်နှင့် ကျေး လက်ဒေသ ဖွင့်ဖြိုးရေး အတွက်ဖော် ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger