www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 28, 2016

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ


KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းပေါက်ကွဲမှုကြောင့် 
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူတစ်ဦး ကိုတွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နှင့် ပမ္မတီးရပ်ကွက်နေ ဗျာလေး၊ လာပေါ်ဖူး၊ အားဆာပါး နှင့် ခီဒီယု တို့လေးဦးသည် ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်တွင် ဥယျာဉ်ခြံသို့ တောင်ယာ သွားရောက် လုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် မလဲကျေးရွာ ၏ အနောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းနှစ်လုံး တိုက်မိပေါက်ကွဲ ခဲ့သဖြင့်
မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာများကို မြစ်ကြီးနား မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger