www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 28, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ် အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့် ၇၆၈ ( KIA အခေါ် လိုင်ဖောင် ) စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ် များအား တပ်မတော်စစ်ကြောင်း များက ဆက်လက်သိမ်းပိုက် ရရှိ




နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် ဂီဒုန် စခန်း အပါအဝင် ကာကင်းစခန်း များအား မြန်မာ့တပ်မတော် က သိမ်းပိုက်ရရှိ ခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ် ရှိရာ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖောင်) စခန်းကို သိမ်းပိုက်ရရှိရေး အတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက သွေးတိုးစမ်း တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှု အပေါ်မူတည်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ကာ အသေးစိတ် စီမံချက်ချပြီး ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီး ပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် ပထမဆုံး စခန်းကို သိမ်းပိုက်ရရှိ ခဲ့သည်။ ထို့နောက် ဆက်လက်တိုက်ခိုက် ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဓိကခံစစ်ကုန်း နှင့်စခန်းငယ် ခြောက်ခုတို့ကို သိမ်းပိုက်ရရှိ ခဲ့သည်။

ယမန်နေ့ သိမ်းပိုက်ရရှိ သည့် ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖောင်) စခန်းမှာ ဒီဇင်ဘာ ၁၆ ရက်က KIA တို့လက်လွှတ်ခဲ့ ရသည့် တပ်ရင်း ၂၅၂ ၏ ဂီဒုန်စခန်းနှင့် အပြိုင် နန့်တဘက်ချောင်း ၏ တစ်ဖက်တစ်ချက် စီတွင် တပ်စွဲ အခြေပြု ထားသည့် စခန်းကြီး တစ်ခုဖြစ်ပြီး KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင် ခန့်မှန်းေ မြပုံညွှန်း (MJ-ဝ၂၂ ၉၉၅) တစ်ဝိုက်ရှိ ၄င်းတို့စခန်း များနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှု ရှိစေရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း နှင့် ၄င်း လမ်းကြောင်းမှ တစ်ဆင့်လည်း တပ်မဟာ ၁ နယ်မြေ အင်ဂွန်လ ဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်း တစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

KIA စခန်းများကို သိမ်းပိုက်ရရှိပြီး ဖြစ်သော်လည်း အချိန် ကန့်သတ်ချက် အရ ပြန်လည်စုဖွဲ့ နေရာယူခြင်းနှင့် အတူ နှစ်ဖက်ထိခိုက် ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးလျက် ရှိကြောင်းနှင့် သိရှိရပါက ဆက်လက် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger