www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 28, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E.Mr.Olivier RICHARD အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E.Mr.Olivier RICHARD အား 
လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Olivier RICHARD အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Olivier RICHARD နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် အတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး နောက်ဆုံး အခြေအနေ အားလည်းကောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် စွပ်စွဲ ပြောဆိုလျက် ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် လက်တွေ့ မြေပြင်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ သက်ဆိုင်ရာ ပြည်နယ်အစိုးရ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး နေမှု အခြေအနေများ အားလည်းကောင်း၊ လုံခြုံရေးနှင့် ဆက်စပ်လျက် လူသားချင်း စာနာ ထောက်ထားမှု အထောက်အပံ့များ ဆောင်ရွက်ပေး နေမှု အခြေအနေ များအား လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် သံအမတ်ကြီး တို့သည် အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger