www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 30, 2016

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် မျက်မမြင်ကျောင်းသား ကျောင်းသူများကို စခန်းသွင်းသင်ကြားပေး


ရန်ကုန် ၊ ၃၀-၁၂-၂၀၁၆

၂ဝ၁၇ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆို ကြမည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ များကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ စခန်းသွင်းလေ့ကျင့် စောင့်ရှောက်မှုများဖြင့် သင်ကြားပေးလျက် ရှိကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ကြီး ဒေါ်စုစုမာ ထံမှ သိရသည်။

အဆိုပါ မျက်မမြင်ကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် မျက်မမြင် ကျောင်းသား လေးဦး၊ ကျောင်းသူ သုံးဦး စုစုပေါင်း ခုနစ်ဦး ရှိပြီး ဒီဇင်ဘာလဆန်း ကတည်းက စတင်ကာ စာမေးပွဲဖြေဆိုသည့် ကာလအထိ စခန်းသွင်း လေ့ကျင့်မှုများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အာဟာရမျှတစွာ ရရှိဖို့ရယ်၊ စာမေးပွဲမှာ အကောင်းဆုံးဖြေဆို နိုင်ဖို့ကို ဒီဇင်ဘာ ၁ ရက် ကတည်းကစပြီး စာမေးပွဲဖြေချိန် အထိ စခန်းသွင်းပြီးတော့ လေ့ကျင့်ပေးပါတယ်။ စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် အဖွဲ့ဝင်ခုနစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကြီးကြပ် ပြင်ဆင်ရေးအဖွဲ့ ကနေ လိုအပ်တဲ့ အနီးကပ် စောင့်ရှောက် သင်ကြားမှုတွေနဲ့ လုပ်ဆောင်နေပါတယ်။ ဒီကလေး တွေထဲမှာ ဂုဏ်ထူးမှန်းထားတဲ့ ကလေးတွေလည်း ပါဝင်ပါတယ်'' ဟု ဒေါ်စုစုမာ ကပြောသည်။

ယင်းကျောင်း၌ လုံးဝမမြင်သူ များနှင့် အနည်းအကျဉ်းသာ မြင်ရသည့် အမြင်အာရုံ ချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများကို အခမဲ့လက်ခံ သင်ကြားပေးကာ အသက် ခြောက်နှစ်မှ ၁၈ နှစ်အထိ သတ်မှတ်ထားပြီး
တချို့မှာ ဦးစီးဌာနထံ တင်ပြခွင့်ပြုချက် အရ လက်ခံသင်ကြား ပေးမှုများလည်း ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger