www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 31, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Shan Xi ပြည်နယ်အတွင်းရှိ စင်္ကြာမုနိ လက်ရိုးတော်ဘုရား သို့ သွားရောက်ဖူးမြော်


Bao Ji မြို့ရှိ စင်္ကြာမုနိ လက်ရိုးတော်ဘုရား (Fa Man Si) ကို ဖူးတွေ့ရစဉ်

ဗုဒ္ဓမြတ်စွာဘုရား၏ လက်ရိုးတော် အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖူးမြော်ကြည်ညိုစဉ်

ဆရာတော်ထံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလှူငွေများ ပေးအပ်လှူဒါန်းစဉ်

ဘုရားကျောင်းရှေ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့် အဖွဲ့ဝင်များ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၃၁-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက် ပိုင်းတွင် Shan Xi ပြည်နယ်၊ Bao Ji မြို့ရှိ စင်္ကြာမုနိ လက်ရိုးတော် ဘုရား (Fa Man Si) သို့ မော်တော်ယာဉ် များဖြင့် သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် ဘုရားကျောင်းဝင်း အတွင်း ဘာဂီယာဉ်ငယ် များဖြင့် လှည့်လည် ကြည့်ရှုကြသည်။ ယင်းနောက် ဘုရားကျောင်းဆောင် အတွင်း ကိုးကွယ် ထားရှိသည့် ဗုဒ္ဓ ရုပ်ပွားတော်မြတ်နှင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ လက်ရိုးတော် တို့အား ဖူးမြော်ကြည်ညို ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အလှူငွေ များအား ဆရာတော်ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဘုရားကျောင်းရှေ့ ၌ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်ပြီး မြတ်ဗုဒ္ဓ၏ လက်ညှိုးအရိုးတော် မူလကိန်းဝပ် စံပယ်ခဲ့သည့် ကျောင်းဆောင်ဟောင်း သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ 

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က အလှူငွေများ ပေးအပ်လှူဒါန်း၍ ဘုန်းတော်ကြီး များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးသည်။

တာဝန်ရှိသူများ၏ ရှင်းလင်း ပြောကြားချက် အရ အဆိုပါ ဘုရားကျောင်းတွင် ကိုးကွယ် ထားရှိသည့် ဗုဒ္ဓ လက်ရိုးတော်မှာ မြတ်စွာဘုရား ၏ လက်ဝဲ ဘက်လက် ခလယ်၏ ဒုတိယအဆစ် အရိုးတော်အစစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၁၈ဝဝ ခန့်က စတင်ထိန်းသိမ်း စောင့်ရှောက်၍ ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူလကိန်းဝပ် စံပယ်သည့် ဘုရားကျောင်းအား ၁၉၈၇ ခုနှစ်တွင် လည်းကောင်း၊ လက်ရှိ ဘုရားကျောင်းတော်ကြီးအား ၂ဝဝ၉ ခုနှစ်တွင် လည်းကောင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger