www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 31, 2016

ရန်ကုန်မြို့မှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၀၀၀ အတွက် မီးရှို့စက်တည်ဆောက်လျှင် အမေရိကန်ဒေါ်လာ သန်း၆၀၀ ခန့် ကုန်ကျမည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ မြို့နယ် အသီးသီးမှ နေ့စဉ် ထွက်ရှိသည့် အမှိုက်တန်ချိန် ၂ဝဝဝ အတွက် အမှိုက်မှ လျှပ်စစ် ထုတ်လုပ်နိုင် မည့် မီးရှို့စက် တည်ဆောက်ပါက အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့် ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ရန်ကုန်မြို့မှ နေ့စဉ် ထွက်ရှိသည့် အမှိုက်တန်ချိန် ၂ဝဝဝ ကို မီးရှို့ပါက ရန်ကုန်မြို့၌ လိုအပ်သည့် လျှပ်စစ် ၁၅ဝ မဂ္ဂါဝပ် ရရှိနိုင်မည် ဖြစ်သည့်အတွက် တည်ဆောက် သင့်ကြောင်း လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

" ရန်ကုန်မြို့ အနေနဲ့ ဆိုရင် မီးရှို့စက် တည်ဆောက်သင့် ပါတယ်။ အမှိုက်တန်ချိန် ၂ဝဝဝ ကို မီးရှို့ရင် လျှပ်စစ် ၁၅၀ မဂ္ဂါဝပ် ရနိုင်တဲ့အတွက် နေ့စဉ် အမှိုက်တန်ချိန် ၂ဝဝဝ မီးရှို့မယ် ဆိုရင် ရရှိမယ့် လျှပ်စစ် ဓာတ်အားနဲ့ တန်ပါတယ်'' ဟု ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

အဆိုပါ မီးရှိုးသည့် စက်ကို ရန်ကုန်မြို့၌ တည်ဆောက်သင့် သော်လည်း လတ်တလော  တွင် တည်ဆောက်ရန် မသိရှိနိုင် သေးကြောင်း၊ ထို့ပြင် ရွှေပြည်သာ မြို့နယ် လှော်ကားဥယျာဉ် အနီး၌ တည်ဆောက် လျက်ရှိသည့် တစ်နေ့လျှင် အမှိုက်တန် ၆ဝ မီးရှို့နိုင်သော အမှိုက် မီးရှို့စက်မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အမေရိကန် ဒေါ်လာ ၈ သန်း ၊ ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၈ သန်းလှူဒါန်း မှုဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ သန်း အကုန်အကျခံ တည်ဆောက် နေကြောင်း သိရသည်။

လတ်တလောတွင် ရန်ကုန်မြို့တွင်းမှ နေ့စဉ်ရရှိသည့် အမှိုက်များကို ထားဝယ်ချောင် ၌ တန် ၇ဝဝ၊ ထိန်ပင်၌ တန် ၉ဝဝ၊ ရွှေပြည်သာ တောကျောင်း ကလေး၌ တန် ၃ဝဝ ခန့်၊ ရွှေပြည်သာ ကျူချောင်၌ တန် ၆ဝ မှ ၇ဝ ခန့်၊ ဒလ၌ ၂၅ တန်မှ တန် ၃ဝ၊ ဆိပ်ကြီး ခနောင်တို ၌ ငါးတန်ခန့် စုစုပေါင်း တန် ၂ဝဝဝ အား ပုံထားရလျက် ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger