www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 30, 2016

၂၀၁၇ ခုနှစ် မေလမှစတင်ကာ သစ်အချောထည်နှင့် အကြမ်းထည်များ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမည်



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၆

၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်အချောထည် နှင့် အကြမ်းထည်များ ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် ထံမှ သိရသည်။

သစ်ခွဲသား၊ သစ်လုံးများ၊ သစ်အချောထည် နှင့် သစ်အကြမ်းထည် များကို ပြည်ပ တင်ပို့မှု ရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးစိုးဝင်း က ''၂ဝ၁၇ ခုနှစ် မေ ၁ ရက်ကစပြီး ပြည်တွင်း ရောင်းဝယ်ရေး နှင့် သစ်စက်ဌာန က ရောင်းချပေးတဲ့ သစ်လုံးတွေနဲ့ သစ်ခွဲသား တွေကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ အခုဆို ကုန်ကြမ်း ရှားလာတယ်။ ပြည်တွင်းသုံး ဆိုပြီး ရောင်းတဲ့အခါမှာ ပြည်တွင်းသုံး သစ်တွေကို ပြည်ပပို့တဲ့ အတွက် ပြည်တွင်းမှာ သစ်သုံးစွဲမှု လုံလောက်မှုမရှိမှာကို စိုးရိမ် နေရပါတယ်။ ပြည်တွင်း သုံးစွဲမှု  ဖူလုံစေချင်လို့ ပြည်တွင်းအတွက် ရောင်းတဲ့ သစ်တွေကို ပြည်တွင်းမှာပဲ သုံးစွဲစေချင် ပါတယ်''ဟု ပြောသည်။

ပြည်ပသို့ သစ်ခွဲသား၊ သစ်လုံးများ၊  သစ်အကြမ်းထည် နှင့် သစ်အချောထည် များ တင်ပို့မှုမှာ ကုန်ကြမ်း ရှားပါးမှုနှင့် ကုန်ကျစရိတ် တိုးမြင့် လာမှုကြောင့် တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပြည်ပသို့ သစ်ခွဲသားများ တင်ပို့မှု လျော့နည်း လာကြောင်း၊ ပြည်တွင်း ဈေးကွက်တွင် သစ်အသုံးပြု မှုနှင့် ရောင်းချမှု မလုံလောက် မှုများ ထပ်မံမကြုံ စေလို၍ ပြည်ပတင်ပို့ ရောင်းချမှုကို သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger