www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 28, 2016

ချောင်းဦးမြို့ ရတနာရွှေဂူဘုရားဝင်း အတွင်းမှ ရှေးဟောင်းဘုရားစေတီ ၏ အပိုင်းအစများ တွေ့ရှိ



ချောင်းဦး ၊ ၂၈-၇-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့ မြို့မရပ်ကွက် ရတနာရွှေဂူ ဘုရားဝင်းအတွင်းမှ ရှေးဟောင်းဘုရား စေတီ၏ အပိုင်းအစများ တွေ့ရှိကြောင်း သိရသည်။

ချောင်းဦးမြို့ ရတနာရွှေဂူ ဘုရားဝင်း အတွင်း အနောက်ဘက်မုခ် ၏ မြောက်ဘက်တွင် အလှူရှင် ဦးစိန်လှိုင်လှူဒါန်းမည့် ကျောက်မဏ္ဍပ် ဆောက်လုပ်ရန် ဇူလိုင်၂၄ရက်က ပန္နက်ကျင်းများ တူးဖော်ရာမှ ၄င်း မြေနေရာ၏ အနောက်မြောက် ထောင့်တွင် ရှေးဟောင်း ခြင်္သေ့ရုပ်တု အပိုင်းအစ တစ်ခု၊ တောင်ဘက် ပန္နက်ကျင်း တွင် မနုဿီဟ ရုပ်တု အပိုင်းအစ တစ်ခု၊ အနောက်ဘက် ဘုရားရင်ပြင် တော်တက်ရာ အုတ်ဖိနပ် ပလ္လင်များနှင့် အရှေ့ဘက် မျက်နှာစာ ဘုရားပစ္စယာ ပေါ်တွင် မနုဿီဟ ရုပ်တုများ တွေ့ရှိခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းမောင် က ပြောပြသည်။

ထိုသို့ ရှေးဟောင်းဘုရား စေတီ၏ အပိုင်းအစများ တွေ့ရှိခြင်းနှင့် ပတ်သက်၍ ချောင်းဦး မြို့နယ် သံဃနာယက အဖွဲ့၊ သြဝါဒါ စရိယ ဆရာတော်၊ အလှူရှင် ဦးစိန်လှိုင်၊ တိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ဂေါပက အဖွဲ့များ ဇူလိုင် ၂၆ ရက်က ရွှေဂူကြီးဘုရား ဓမ္မာရုံ ၌ အစည်းအဝေး ကျင်းပခဲ့သည်။

ယခုတူးဖော် တွေ့ရှိရသော ရှေးဟောင်း စေတီတော်၏ ပစ္စယာ အဆင့်နှင့် ရုပ်ထုများကို အလှူရှင် နှင့် ဂေါပကအဖွဲ့မှ အကြမ်းထည် တူးဖော် ဆောင်ရွက်ပြီး အသေးစိတ် ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောပြ၍ သိရသည်။

ယုယုဝင်း

ရတနာပုံနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger