www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 30, 2016

ဗိုလ်မှူးကြီး ဗထူး နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပမည်



အောင်ပန်း ၊ ၃၀-၅-၂၀၁၆

ဗိုလ်မှူးကြီး ဗထူး နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ ကို ဗိုလ်မှူးကြီး ဗထူး ကျဆုံးခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့မှ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့သို့ သွားရာလမ်း၊ မိုင်တိုင် ၇၉ နှင့် ၈ဝ ကြား၊ လမ်းအနောက်ဘက် ၁၂ မိုင်အကွာရှိ ဗိုလ်မှူးကြီး ဗထူး ၏ အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ တဲလု (တယ်လူး) ကျေးရွာတွင် ဇူလိုင် ၁ဝ ရက်နှင့် ၁၁ ရက်တို့၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ဗထူး သည် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် လေသွန်းခံရွာ ဇာတိဖြစ်ပြီး ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်က ဂျပန်တပ်များနှင့် အတူ နိုင်ငံအတွင်းသို့ တနင်္သာရီတိုင်း ဒေသကြီးမှ တစ်ဆင့် ဝင်ရောက်လာသည့် အချိန်မှစ၍  မျိုးချစ် စိတ်ဓာတ်ဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့ရာ သာမန် တပ်ကြပ် ကလေးအဆင့်မှ လုပ်ရည် ကိုင်ရည်ကြောင့် ဗိုလ်မှူး ရာထူးထိ အဆင့်ဆင့် တိုးမြှင့်ပေးခြင်း ခံရသည်။

အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ပြီး မကြာမီ ဇာတိရုပ် ပေါ်လာသည့် ဖက်ဆစ်ဂျပန် တို့ကို တိုက်ခိုက် မောင်းထုတ်ရန် အချိန်တန်သည့် ၁၉၄၅ ခုနှစ် မတ် ၈ ရက်တွင် ဗိုလ်မှူး ဗထူး က ဂျပန်တို့ကို စတင်တော်လှန် ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူး ဗထူး ကို မဟာမိတ် တပ်များ မရောက်လာမီ ဂျပန်တပ်များကို ထူးချွန်စွာ တိုက်ထုတ် နိုင်မှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း တိုင်းမှူး ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးနှစ်ဆင့် တိုးပေး ခဲ့သည်။ ထိုသို့ ဖက်ဆစ်ဂျပန် တို့ကို လိုက်လံ တိုက်ခိုက်စဉ် နဂိုရှိနေသော ငှက်ဖျား ရောဂါဖြင့် ၁၉၄၅ ခုနှစ်ဇွန် ၂ရက် ည ၈ နာရီ မိနစ် ၂ဝ တွင် ရွာငံမြို့နယ် တယ်လူးစခန်း (တဲလု) ကျေးရွာ၌ ကွယ်လွန်ခဲ့ရာ အဆိုပါ ရွာ၌ပင် ဗိုလ်မှူးကြီး၏ အထိမ်းအမှတ် ကျောက်တိုင် ကို စိုက်ထူခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာပြည့်ပွဲ ကျင်းပရေး အတွက် ဗိုလ်မှူးကြီး ဗထူး အား ချစ်ခင်လေးစား ကြသော ရဟန်းရှင် လူပုဂ္ဂိုလ် မည်သူမဆို သဒ္ဓါတတ်အား သရွေ့ အလှူငွေများ ထည့်ဝင်နိုင်ရန် ပင်းတယမြို့ ဆေးရုံအုပ်ကြီး  ဒေါက်တာ သန်းမင်းထွဋ် ဖုန်း ဝ၉- ၇၈၈၂ ဝ၂၆ဝ၂၊ ဝ၉- ၄၉၂၅ ဝ၈၈၇၊ ဦးကျော်စွာထွန်း (မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန) ရွာငံမြို့၊ ဖုန်း ဝ၉- ၂ဝ၃၂၈၂၉၊ ကမ္ဘောဇဘဏ် (အောင်ပန်း) ဝ၃၅ ဝ၂ဝဝ ဝ၆၃၊ ဦးကိုကိုကြီး ဖုန်း ၀၉- ၂၅၄၃၀ ၆၆၀၅ တို့သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ များထံမှ သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger