www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 28, 2016

ဘက်စုံပညာထူးချွန်ကျောင်းသား ကျောင်းသူများ ပုဂံ-ညောင်ဦး ဒေသသို့ လေ့လာရေးခရီး ရောက်ရှိ



ညောင်ဦး ၊ ၂၈-၄-၂၀၁၆

၂ဝ၁၆ ခုနှစ် အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေး အဖွဲ့သည် ပုဂံ-ညောင်ဦး ဒေသသို့ လေ့လာရေး ခရီးစဉ်အဖြစ် မန္တလေးမြို့၊ မိတ္ထီလာမြို့ တို့မှ တစ်ဆင့် ထွက်ခွာလာရာ ညောင်ဦးမြို့ ကျောက်ကူး မြစ်ရေတင် အနီး ဧရာဝတီ မြစ်ကမ်းနံဘေး တွင် ဖွင့်လှစ်ထားသည့် ဘက်စုံပညာ ထူးချွန်လူငယ် အပန်းဖြေ စခန်း(ပုဂံ) သို့ ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က ရောက်ရှိခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူရည်ချွန် ဟောင်းကြီးများ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက် လူငယ် မောင်မယ်များက လှိုက်လှဲစွာ ကြိုဆိုခဲ့ ကြသည်။

အဆိုပါ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အဖွဲ့၏ လေ့လာရေး ခရီးစဉ်တွင် စခန်းမှူး အဖြစ် တိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်း ဦးဆောင်သော ကြီးကြပ်ရေး အဖွဲ့နှင့် အတူ အနီးကပ် ကြီးကြပ်သူများ အဖြစ် ဆရာ ၉ ဦး ၊ ဆရာမ ၉ ဦး လိုက်ပါလျက် ကျောင်းသား ၈၈ ဦး၊ ကျောင်းသူ ၈၈ ဦး စုစုပေါင်း ၁၇၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဘက်စုံပညာ ထူးချွန်လူငယ် အပန်းဖြေစခန်း (ပုဂံ) ဖွင့်ပွဲကို ဧပြီ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်မည် ဖြစ်ကြောင်း ၊ ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူ များနှင့် လူရည်ချွန် ဟောင်းကြီးများ တွေ့ဆုံပွဲ ကိုလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် အပန်းဖြေ စခန်း (ပုဂံ)တွင် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်ထိ တည်းခိုနေထိုင် မည်ဖြစ်ပြီး ၄င်းအပန်းဖြေ စခန်းမှ တစ်ဆင့် ပုဂံဒေသရှိ ထင်ရှား ကျော်ကြားသည့် တန်ခိုးကြီး ဘုရားများ၊ ပြတိုက်၊ ယွန်းကောလိပ် တို့ အပြင် ပုပ္ပားဒေသရှိ ပုပ္ပားတောင် ကလပ်၊ ကိုးခရိုင် စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်ထားမှု၊ ပုပ္ပားပြတိုက် ပရဆေး စိုက်ခင်း၊ Popa Mountain Resort ၊ စလေမြို့ရှိ စလေရုပ်စုံ ကျောင်းနှင့် ပခုက္ကူမြို့ရှိ ပခန်းကြီး စည်သူရှင်၊ ပခန်းကြီး ရှေးဟောင်းကျောင်း၊ သီဟိုဠ်ရှင် ဘုရား တို့ကိုလည်း လေ့လာရေး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရဲသူရအောင်(ညောင်ဦး)

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger