www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 28, 2016

နေအဖွဲ့အစည်းတွင် သေးငယ်သော လတစ်စင်းကို တွေ့ရှိ


Scientists Discover a Dark Moon in the Distant Solar System

ဝါရှင်တန် ၊ ၂၈-၄-၂၀၁၆

ဟပ်ဘယ် တယ်လီစကုပ် ကို အသုံးပြုကာ အာကာသနှင့် နက္ခတ်တာရာ တို့ကို စူးစမ်း လေ့လာနေသော သုတေသီ များသည် နေအဖွဲ့အစည်း ၏ အစွန်အဖျား တွင်ရှိပြီး လေထု ပတ်ဝန်းကျင် မရှိသော ဂြိုဟ်သိမ် တစ်လုံး ဖြစ်သည့် Makemake ကိုမိုင်ပေါင်း ၁၃ဝဝဝ အဝေးမှ လှည့်ပတ်နေသော သေးငယ်သည့် လတစ်စင်း ကို တွေ့ရှိခဲ့ပြီး MK2 ဟု အမည်ပေး ထားကြောင်း သိရသည်။

သုတေသီ များသည် Markmark ဂြိုဟ်သိမ်ကို ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ရာ ယခု ၁ဝ နှစ်ကျော် ကြာပြီးမှ Markmark ဂြိုဟ်သိမ်၏ ဂြိုဟ်ရံလကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဧပြီလက Markmark ကို စူးစမ်း လေ့လာနေစဉ် ၄င်း၌ ဂြိုဟ်ရံလရှိ နေနိုင်သည့် အထောက်အထား များကို တွေ့ရှိပြီးနောက် ဆက်လက်စူးစမ်း လေ့လာခဲ့ရာမှ ယခုအခါ ဂြိုဟ်ရံလ MK2 ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' MK2 ဟာသူ့ရဲ့ မိခင်ဂြိုဟ်သိမ်ကို မိုင်ပေါင်း ၁၃ဝဝဝ အဝေးကနေ လှည့်ပတ် နေပါတယ်။ အရောင်အနေနဲ့ မိခင်ဂြိုဟ် လောက်တောင် မလင်းဘဲ မှုန်ပျပျလေး ဖြစ်နေပါတယ်။ MK2 ဟာ Kulper ခါးပတ်ကြီးမှာ ပါဝင်လည်ပတ် နေတဲ့ ဂြိုဟ်သိမ်တစ်ခုရဲ့ ဂြိုဟ်ရံလပဲ ဆိုတာကို အတည်ပြုနိုင် ခဲ့ပါတယ်။ ဒီလောက် အရောင်မှိန်တဲ့ ဂြိုဟ်ရံလကို တွေ့အောင် မြင်တဲ့ ဟပ်ဘယ် တယ်လီစကုပ် ရဲ့ အစွမ်းသတ္တိ ကိုလဲ ချီးကျူးပါတယ်'' ဟု နက္ခတ်တာရာ ပညာရှင် အဲလက်စ်ပါကာ က ပြောပြသည်။

Markmark သည် အကျယ်မိုင် ၈၇ဝ ရှိပြီး နေကိုတစ်ပတ် ပတ်မိရန်နှစ်ပေါင်း ၃၁ဝ ကြာမြင့်လေ့ ရှိသည်။ ယခုအသစ် တွေ့ရှိထားသော လသည် အချင်း ၁ဝဝ မိုင်ရှိကြောင်း၊ ယခု တွေ့ရှိချက်များ အရ Markmark ဂြိုဟ်ကို အသေးစိတ် ဆက်လက်လေ့လာ သွားမည် ဖြစ်ကြောင်းနှင့် ၄င်းဂြိုဟ်၏ မူလရင်းမြစ်ကို ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger