www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 30, 2015

မန္တလေးဆေးရုံကြီးတွင် Video Conference System တပ်ဆင်ထားသဖြင့် ကုသမှုအတွက် အထောက်အကူ များစွာရရှိ



မန္တလေး ၊ ၃၀-၁၂-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာနမှ မန္တလေးဆေးရုံကြီး၊ မကွေးဆေးရုံကြီးနှင့် ရန်ကုန်ဆေးရုံကြီး တို့တွင် ကုသမှုပိုင်း ဆိုင်ရာ နှီးနှောဖလှယ် နိုင်ရန် Video Conference System တပ်ဆင်ပေးထား ခဲ့ရာ ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး သတင်းများအရ သိရသည်။

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ခေတ်မီရောဂါ ရှာဖွေရေး ကိရိယာများ တပ်ဆင် ထားသည့်အတွက် လူနာများကို ထိရောက်စွာ ကုသနိုင်ကြောင်း၊ အထက် မြန်မာပြည်တွင် အဓိက အားထားရသော ဆေးရုံကြီး တစ်ခုဖြစ်ပြီး အနီး ပတ်ဝန်းကျင် ဒေသများမှ လူနာများ လာရောက်ကုသ လျက်ရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ထူးခြား ဆောင်ရွက်မှု အနေဖြင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု လုပ်ငန်းကို သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကုသမှု နည်းပညာ တိုးတက်ရေး အတွက် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန် ရှစ်ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦး၊ အထက်တန်း သူနာပြု ငါးဦးနှင့် လက်ထောက် ဆရာဝန် တစ်ဦး၊ ဆေးဘက် ကျွမ်းကျင် နှစ်ဦးတို့ကို ဖိလစ်ပိုင်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ပြင်သစ်နိုင်ငံ တို့သို့ ပညာသင် စေလွှတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ကို ယခင် ခုတင် ၁ဝဝဝ ဆံ့ဆေးရုံမှ ၁၅ဝဝ ဆံ့ဆေးရုံကြီး အဖြစ် အဆင့်မြှင့်တင် လိုက်ပြီး မကွေးဆေးရုံကြီး၊ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး တို့တွင် Video Conference System တပ်ဆင်၍ ကုသမှုပိုင်းတွင် နှီးနှောဖလှယ် မှုများ ဆောင်ရွက်လျက် ရှိသည်။

မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး အနေဖြင့် နိုင်ငံတော်မှ လူနာများ အခမဲ့ ဆေးဝါးကုသ နိုင်ရေး လိုအပ်သော အခြေခံဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန် ခွင့်ပြုရန်ပုံငွေကို ယခု ဘဏ္ဍာနှစ်တွင် ယခင် ဘဏ္ဍာနှစ်ထက် ပိုမိုချပေးခဲ့သည့် အပြင် ဓာတ်မှန် အခမဲ့၊ ဓာတ်ခွဲ အခမဲ့ စမ်းသပ်နိုင်ရန် အတွက် ငွေကျပ် ၆၆၂၅သိန်း၊ ကျောက်ကပ် အစားထိုးမှု အတွက် ငွေကျပ် ၄၅၈၁၁၇ဝကို သီးခြား ခွဲဝေချထား ပေးခဲ့သည်။

လူနာများ စိုက်ထုတ်ကုန်ကျမှု လျော့နည်းစေရန် အတွက် ဧပြီလမှစ၍ အောက်ဆီဂျင် အခမဲ့ ဆောင်ရွက်ပေးခြင်း၊ ပြင်ပလူနာ၊ အရေးပေါ်လူနာနှင့် အတွင်းလူနာများ အတွက် ဆေးကုသမှု ဆိုင်ရာ စာရွက်စာတမ်း များကို အခမဲ့ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger