www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 29, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်း စစ်ဌာနချုပ် စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စိုက်ပျိုး/မွေးမြူရေး ဆိုင်ရာများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများသို့ သက်သာစွာ ရောင်းချပေး နိုင်မှုများကို ရှင်းလင်းတင်ပြစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ စိုက်ပျိုး/မွေးမြူရေးစခန်းတွင် အောင်မြင်ဖြစ်ထွန်းစွာ မွေးမြူလျက်ရှိသော Novogen Brown ဥစားကြက်ပေါက် ထုတ်လုပ်မှုများကို 
လှည့်လည် ကြည့်ရှုစစ်ဆေးစဉ်

စိုက်ပျိုး/မွေးမြူရေးစခန်းတွင် မွေးမြူထားသော Hubbard မိဘမျိုး အသားစားကြက်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၂-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ်(၁) စိုက်ပျိုး/မွေးမြူရေး စခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက စိုက်ပျိုး/မွေးမြူရေး ဆိုင်ရာများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများသို့ သက်သာစွာ ရောင်းချ ပေးနိုင်မှု များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်ပိုင် စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများသည် တပ်မတော်သား စစ်သည်၊ မိသားစုများ၏ စားရေးကို အဓိက အထောက်အကူ ပြုရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ အသား၊ငါး၊ အသီးအနှံ လိုအပ်ချက်ကို တစ်နှစ်၊ တစ်လ၊ တစ်ရက်ပျှမ်းမျှ တွက်ချက်၍ တပ်မတော်၏ လိုအပ်ချက် ပြည့်မီအောင် စိုက်ပျိုး/မွေးမြူရေး ထုတ်လုပ်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းနေရာ ဧရိယာကျဉ်းကျဉ်း၊ လုပ်သားအင်အား နည်းနည်းဖြင့် မွေးမြူနိုင်သည့် ဥစားကြက်၊ DYL ဝက်နှင့် နို့စားနွား မွေးမြူရေးများကို ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ငါးမွေးမြူရာတွင်လည်း ငါးကန်အတွင်း အလွှာလိုက် ငါးအမျိုးအစား ခွဲခြား၍ မွေးမြူရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း လုပ်အား အလေအလွင့်ဖြစ်မှု၊ ဝန်ထုပ်ဝန်ပိုး ဖြစ်မှုများ မရှိစေရေး အတွက် တပ်များ၏ စုဖွဲ့မှုမှန်ကန်စွာဖြင့် တပ်ပိုင် စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ စနစ်တကျဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ စစ်ဆင်ရေး တပ်များက စစ်ဆင်ရေး ဆောင်ရွက်ရန် ဖြစ်ပြီး အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာ ဆောင်ရွက်နိုင်သည့် သူများက စိုက်ပျိုး/မွေးမြူရေး နိုင်သမျှ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒုတိယ ၆လပတ် ကာလအတွင်း ကုန်ဈေးနှုန်းများ၊ ဒေါ်လာဈေး၊ ရွှေဈေး၊ လောင်စာဆီ ဈေးနှုန်းများ ကြီးမြင့်လာသဖြင့် စစ်သည်၊ မိသားစုများ ပြင်ပမှ ဈေးကြီးပေး၍ ဝယ်ယူစားရမှု နည်းပါးရေး တပ်ပိုင် စိုက်ပျိုး/မွေးမြူရေးကို ထိထိရောက်ရောက် စုစည်းလုပ်ဆောင် သွားရန်နှင့် ပိုလျှံပါက နယ်မြေခံပြည်သူလူထုအား သက်သာသော ဈေးနှုံးဖြင့် ရောင်းချနိုင်သည့်အထိ လျာထား ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း၏ အခြေခံအချက်တွင် ထုတ် လုပ်မှုနှင့် စားသုံးမှု မညီမျှ ခြင်းကြောင့်လည်းဖြစ်ကြောင်း၊သို့ဖြစ်၍ ကုန်ထုတ် လုပ်သူများ များရှိရန်၊ကုန်ထုတ်လုပ်မှုများရန် လိုပြီးပိုလျှံပါက ပြည်ပပို့ရန် ဖြစ်ကြောင်း၊ ပြည်ပပို့ ရန် အတွက် လည်း သတ်မှတ်ထားသော အရည်အသွေး ကိုက်ညီအောင် ကြိုးစား ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ ပို့ကုန်နည်းပြီး သွင်းကုန်များနေသမျှ စီးပွားရေး အခက်အခဲများ တွေ့ကြုံရ မည်ဖြစ် ကြောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ စစ်သည်၊ မိသား စုများ အသား၊ ငါး၊ ကြက်ဥ၊နွားနို့ စားသုံးရန် လိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းခန့် ကိုသာ ထုတ် လုပ်နိုင်သည့် အခြေအနေ ရှိသဖြင့် လိုအပ်ချက်ထက် ပြည့်မီကျော်လွန်ပြီး ပိုမိုထုတ်လုပ် သွားရန် လိုအပ်ကြောင်း၊ ယင်းမှဆက်၍ ဒေသခံလူထုသို့ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ် ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုး/မွေးမြူရေး စခန်းတွင် အောင်မြင်ဖြစ်ထွန်းစွာ မွေးမြူလျှက်ရှိသော Novogen Brown ဥစားကြက်ပေါက် ထုတ်လုပ်မှု များကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း စော်ဘွားကြီးကုန်း၊ တညင်းကုန်း၊ ရန်ကုန် တပ်နယ်၊ မင်္ဂလာဒုံ တပ်နယ်၊ မှော်ဘီတပ်နယ် များတွင် စိုက်ပျိုး/မွေးမြူရေး စခန်း ၆ ခု ဖွင့်လှစ်၍ Novogen Brown မိဘမျိုး ဥစားကြက် Hubbrad မိဘမျိုး အသားစားကြက်၊ DYL ၀က်၊ နို့စားနွား၊ ဥစားဘဲ၊ အသားစားဘဲ၊ ငါးမွေးမြူရေး လုပ်ငန်းများ ၊နှစ်ရှည်ပင်၊ ရာသီပင်စိုက် ပျိုးခြင်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသည်။

ယင်းစိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအတွက် အခြေခံအကျဆုံး လိုအပ် ချက်ဖြစ်သည့် စားရေးကို အပြည့်အ၀ ဖြည့်ဆည်းပေး နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပြီး တပ်မတော် ဆေးရုံများ၊သင်တန်းကျောင်းများ၊ တပ်ရင်း၊ တပ်ခွဲများသို့ သန့်ရှင်း လတ်ဆက် သည့် အသားငါး ၊ နွားနို့၊ ဟင်းသီး၊ ဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရိက္ခာစိုပေး သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချ ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် တပ်ရင်း တပ်ဖွဲ့ များသို့ မိဘမျိုး ကြက်များ DYL ၀က်မျိုးများ မျိုးဖြန့်ဖြူးရောင်း ချခြင်း၊ တိရစ္ဆာန် အစာများ ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်ရေး စီမံ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger