www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 26, 2015

မွန်ပြည်နယ်အတွင်း ငါးခြောက်ထွက်ရှိမှု လျော့ကျလာခြင်းကြောင့် ထိုင်းငါးခြောက်များ အစားထိုးဝင်ရောက်



မော်လမြိုင် ၊ ၂၆-၁၀-၂၀၁၅

မွန်ပြည်နယ် အတွင်း ငါးခြောက် ထွက်ရှိမှု လျော့ကျ လာခြင်းကြောင့် ထိုင်းနိုင်ငံမှ ငါးခြောက်များကို စက်တင်ဘာ လဆန်းပိုင်းမှ စတင်ရောင်းချ နေကြောင်း မွန်ပြည်နယ် ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်
သူများထံမှ သိရသည်။

''ထိုင်းကလာတဲ့ ငါးခြောက်က ဆားပေါ့တယ်။ အပြင်ပန်း ကကြည့်ရင် လှတယ်။ ဒါပေမဲ့ ဓာတ်ကင် ထားတဲ့ ငါးခြောက်တွေပါ။ နေလှန်းထားတဲ့ ပြည်တွင်း ငါးခြောက်တွေကို ကျန်းမာရေး အရ ပိုစားသုံး သင့်တယ်။ ဒါပေမဲ့ အခုချိန် မှာတော့ ပြည်တွင်း ငါးခြောက် အထွက်နည်းတော့ ထိုင်းကမှာယူ နေရတယ်'' ဟု မော်လမြိုင် မြို့နယ် အမှတ်(၁) ဈေးမှ ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ် အတွင်း မိုးတွင်းကာလ ဖြစ်၍ ငါးခြောက် အရောင်မလှ ခြင်း၊ အပျက်အစီး များခြင်းကြောင့် ဈေးများကျဆင်း လျက်ရှိပြီး ထိုင်းနိုင်ငံမှ ငါးဝိုင်းလေး၊ ငါးလိပ်ကျောက်၊ ငါးရောင် စသည့် ငါးခြောက် အမျိုးအစားများ ကို ကုန်သည်များက ဝယ်ယူရောင်းချ နေကြကြောင်း သိရသည်။

''ထိုင်းကဝင်တဲ့ ငါးခြောက် တွေက တာရှည် မခံဘူး။ ဒါကြောင့် အရောင်းဆိုင် တချို့က ပြည်နယ်တွင်းက ထွက်တဲ့ ငါးခြောက်ကိုပဲ ဝယ်ယူရောင်းချ နေတာတွေ ရှိပါတယ်။ အခုလို ထိုင်းကဝင်တာ တွေကြောင့် ပြည်တွင်း ငါးခြောက် ဈေးကွက်ကိုတော့ ထိခိုက်မှု မရှိနိုင်ပါဘူး '' ဟု မော်လမြိုင် မြို့နယ် ကမ်းနားလမ်းမှ ငါးခြောက် အရောင်း အဝယ်ဒိုင် ဦးမောင်လှ က ပြောသည်။

မွန်ပြည်နယ်၌ ကျိုက္ခမီ၊ သံဖြူဇရပ်၊ ပင၊ ရေး၊ အစင်၊ ဇီးဖြူသောင်၊ ကရုပ္ပိဒေသ များသည် ပင်လယ်နှင့် နီးစပ်သည့် အတွက် ငါးခြောက် အများဆုံး ထွက်ရှိပြီး အဆိုပါ ငါးခြောက် များကို ရန်ကုန်မြို့၊ တခြား တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့သို့ တင်ပို့လျက် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger