www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 26, 2015

ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် အဆင့်မြင့်ဈေးချိုတော် မန်းမြန်မာဈေးချို ပလာဇာနှင့် ရတနာပုံဈေး တို့ကိုပိတ်မည်


မန္တလေး ၊ ၂၆-၁ဝ-၂ဝ၁၅

မန္တလေးမြို့ရှိ ဈေးသူ၊ ဈေးသားများ လွတ်လပ်စွာ မဲပေးနိုင်ရန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် အဆင့်မြင့် ဈေးချိုတော် ၊ မန်းမြန်မာ ဈေးချိုပလာဇာ နှင့် ရတနာပုံဈေး တို့ကို ပိတ်ထားပေးမည် ဖြစ်ကြောင်း အဆိုပါဈေး များ၏ ဈေးအကျိုး တော်ဆောင် များထံမှ သိရသည်။

ယင်းကဲ့သို့ ဈေးပိတ်ပေးရန် မန္တလေး စည်ပင် သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာန သို့ တင်ပြခဲ့ပြီး စည်ပင် သာယာရေး ကော်မတီမှ ခွင့်ပြုပေး ခဲ့ကြောင်း သိရသည်။

''အဓိကကတော့ ဈေးသူ၊ ဈေးသားတွေ မိမိဆန္ဒ အလျောက် လွတ်လွတ် လပ်လပ်နဲ့ နောက်ဆံ မတင်းဘဲ မဲပေး နိုင်အောင်ပါ။ အဲဒီနေ့ ဈေးထွက်ရင် မဲပေးရတာ တစ်မျိုး၊ စီးပွားရေးက တစ်မျိုး မဖြစ်ရ အောင်ပေါ့။ နောက်ပြီး တစ်ပြည်လုံး အတိုင်းအတာနဲ့ မဲပေး ကြမှာဆိုတော့ ဈေးဝယ်လည်း သိပ်လာ နိုင်ကြမှာ မဟုတ်ဘူး။ ကိုယ်လည်း လွတ်လွတ် လပ်လပ် မဲပေး ရအောင်ပါ'' ဟု မန်းမြန်မာ ဈေးချိုပလာဇာ မြေညီထပ် ဈေးအကျိုး တော်ဆောင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တို့တွင် ယခုကဲ့သို့ ပိတ်ခြင်းမရှိဘဲ ယခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဈေးသူ၊ ဈေးသားများ လွတ်လပ်စွာ မဲပေးနိုင်ရန် ပထမဆုံး အကြိမ်ပိတ်ပေးခြင်း ဖြစ်ကြောင်း ဈေးအကျိုး တော်ဆောင်များ ထံမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger