www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 15, 2015

ပလူတိုဂြိုဟ်သိမ်၏ နောက်ဆုံးရဓာတ်ပုံ များကို နာဆာပြသ


Pluto As Seen By New Horizons

NASA’s New Horizons Finds Second Mountain Range in Pluto’s ‘Heart’

ဝါရှင်တန် ၊ ၁၅-၉-၂၀၁၅

မကြာသေးမီက ပလူတိုဂြိုဟ်သိမ်ကို အနီးကပ် ဖြတ်သန်းစူးစမ်း လေ့လာခဲ့သည့် New Horizon အာကာသယာဉ်မှ ဆက်လက် ပေးပို့နေသည့် အချက်အလက် များမှ ပလူတို ဂြိုဟ်သိမ်၏ နောက်ဆုံးရ ဓာတ်ပုံများကို နာဆာ က ပြသခဲ့ရာ အာကာသ စူးစမ်းလေ့လာရေး သမိုင်းတွင် ပထမဆုံးအကြိမ် မြင်တွေ့ ရသည့် ဓာတ်ပုံများ ဖြစ်သည့်အတွက် ပညာရှင်နှင့် လူထု စိတ်ဝင်စားမှု အထူးရရှိ နေကြောင်း သိရသည်။

'' ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပုံတွေပါ။ ပလူတို ဂြိုဟ်သိမ်ရဲ့ အနေအထားဟာ နေနဲ့ကွာဝေး လွန်းတဲ့အတွက် မှောင်လွန်းနေတော့ ရောင်စုံဓာတ်ပုံ မရနိုင်ဘဲ အဖြူအမည်း ဓာတ်ပုံတွေပဲ ရတယ် ဆိုပေမယ့်လဲ အာကာသ စူးစမ်း လေ့လာရေး လောကအတွက် တော့ တန်ဖိုးမဖြတ် နိုင်တဲ့ အနီးကပ်ပုံတွေ ဖြစ်ပါတယ်။ ပလူတိုဂြိုဟ်ရဲ့ မျက်နှာပြင်ကို ဒီလောက် အနီးကပ် နဲ့ ဒီလောက် အသေးစိတ် တစ်ခါမှ မမြင်ဖူး ပါဘူး'' ဟု သုတေသီ များကြေ ပာပြသည်။ ယခု ဖော်ပြပါ ဓာတ်ပုံသည် ပလူတို ဂြိုဟ်သိမ်ပေါ်ရှိ Cthulhu Regio နှင့် Sputnik Planum ဒေသများ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် ဟာ မြေမျက်နှာ သွင်ပြင် အမျိုးမျိုးနဲ့ သဘာဝ ဖြစ်စဉ် ထူးထွေဆန်းပြားစွာ တည်ရှိနေတာ ဖြစ်လို့ နေ အဖွဲ့အစည်း ထဲမှာ အထူးဆန်းဆုံး ဂြိုဟ်လို့ ပြောနိုင်ပါတယ်။ အခု မြင်တွေ့  နေရတာဟာ ဓာတ်ပုံ မို့လို့သာ ယုံရတယ်။ တကယ်တော့ သိပ်စိတ်ကူးယဉ် တတ်တဲ့ ပန်းချီဆရာက ရေးဆွဲထားတဲ့ စိတ်ကူးယဉ် ပန်းချီကားနဲ့ ပိုတူပါတယ် '' ဟု New Horizon ဆိုင်ရာ သုတေသန ဦးစီး အယ်လန်စတန်း က ပြောပြသည်။

New Horizon သည် လွန်ခဲ့သော ရက်သတ္တပတ်မှပင် ကြည်လင် ပြတ်သားသော ဓာတ်ပုံများကို စတင်ပေးပို့ နေခြင်းဖြစ်ကြောင်း၊ New Horizon ထံမှ အချက်အလက်များ အားလုံး ရရှိနိုင်ရန် အနည်းဆုံး တစ်နှစ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ပေးပို့နေသော ဓာတ်ပုံများသည် ၄ဝဝ Metere per Pixel ဖြစ်ကြောင်း၊ ထို့ကြောင့် ဂြိုဟ်မျက်နှာပြင် ပေါ်တွင် နိုက်ထရိုဂျင် ရေခဲပြင် စီးဆင်းနေပုံ၊ တောင်ကြား ချိုင့်ဝှမ်းများ ယှက်ဖြာ ရှုပ်ထွေးနေပုံ၊ သဲသောင်ပြင်များ ပုံစံအမျိုးမျိုးဖြင့် ဖြစ်တည်နေပုံ၊ တောင်စဉ် တောင်တန်းများ ပြန့်ကျဲ နေပုံ အစရှိသည်တို့ကို သဲကွဲ ရှင်းလင်းစွာ မြင်တွေ့ နေရပြီ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် မျက်နှာပြင်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင် လိုပဲ ရှုပ်ထွေးနေပါတယ်။ အခု ဖော်ပြပါ ဓာတ်ပုံဟာ ပလူတိုရဲ့  အီကွေတာ အပိုင်းက ကီလိုမီတာ ၁၈ဝဝ ကို ကိုယ်စားပြု ပါတယ်။ ဒီဓာတ်ပုံ တွေကို ကီလိုမီတာ ၈ဝဝဝ အဝေးက ရိုက်ကူး ထားတာပါ '' ဟု အယ်လန် က ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)



#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger