www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 28, 2015

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှု အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေရန် ပြုလုပ်ခဲ့သည့် မီဒီယာများကို တရုတ်သတင်းဌာန ပြစ်တင်ဝေဖန်



ရှန်ဟိုင်း ၊ ၂၈-၈-၂၀၁၅

တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရသည့် စတော့ရှယ်ယာ ဈေးကွက်များ ကျဆင်း နေမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ စီးပွားရေးတွင် တရုတ်နိုင်ငံ က လွှမ်းမိုး ထားမှုကို အဆုံးသတ် စေနိုင်သည် ဟု သတင်းထုတ်လွှင့် ခဲ့သော အနောက်နိုင်ငံ များမှ မီဒီယာများကို တရုတ်နိုင်ငံ သတင်းဌာန တစ်ခုက ယမန်နေ့တွင် ပြစ်တင်ဝေဖန် လိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်း၌ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက စတော့ ဈေးကွက်များ ကျဆင်း ခဲ့ပြီးနောက် စတော့ရှယ်ယာ ဈေးကွက်မှာ ၂၅ ရာခိုင်နှုန်း ထိ ကျဆင်းလာကာ စီးပွားရေး အခြေအနေ မှာ ပိုမိုဆိုးရွား လာခဲ့ခြင်း ကြောင့် ရင်းနှီးမြုပ်နှံ သူများနှင့် စီးပွားရေး သမားများအကြား စိုးရိမ်မှုများ မြင့်တက် လာခဲ့ရာ တရုတ် ဗဟိုဘဏ်က သြဂုတ် ၂၅ ရက်တွင် ဘဏ်အပ်ငွေ များနှင့် စပ်လျဉ်း၍ ဖြေလျှော့မှု များကို ထပ်မံ လုပ်ဆောင်ခဲ့ ရပြီး အတိုးနှုန်း ကိုပါ လျှော့ချခဲ့ ရသည်။

ယင်း အခြေအနေတွင် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဂယက်ရိုက် ခံရဖွယ်ရှိသည် ဟု အနောက်နိုင်ငံ များမှ မီဒီယာများ၏ ဖော်ပြချက်ကို နိုင်ငံပိုင် တရုတ်နေ့စဉ် သတင်းစာ က တရုတ်အသံ ဟု ကလောင် အမည်ဖြင့် ရေးသား၍ တုံ့ပြန်ပြစ်တင် ဝေဖန်ခဲ့သည်။

နိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် အကျပ်အတည်း များကို ကျော်လွှားနိုင်ရေး အတွက် တရုတ် အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင် သွားမည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger