www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 28, 2015

ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ထိုင်းတပ်မတော် ဆေးတပ်ဖွဲ့များ ရောက်ရှိ





နေပြည်တော် ၊ ၂၈-၈-၂၀၁၅

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များမှ ရေဘေးသင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကူညီ ဆောင်ရွက်ရန် ထိုင်းတပ်မတော် ဆေးဘက် ဆိုင်ရာ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ Major General PARINYA Khoonnasee ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းတပ်မတော် အထူး လေယာဉ်ဖြင့် ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တပ်မတော် (လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ ဒုတိယ သံအမတ်ကြီး Mr.Chainarong Keratiyutwong ၊ ထိုင်းနိုင်ငံ လေတပ် စစ်သံမှူး Group Captain Thammanine Sursang နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ ထိုင်းတပ်မတော် ဆေးအဖွဲ့တွင် ခွဲစိတ်ကုသမှု ပါရဂူများ၊ ကလေး ပါရဂူများ၊ စိတ်ကျန်းမာရေး ပါရဂူများ၊ အထွေထွေ ရောဂါကု ပါရဂူများနှင့် သူနာပြု စုစုပေါင်း ၅၁ ဦးပါဝင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်ကြီး များနှင့် ပူးပေါင်းကာ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အင်္ဂပူ၊ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၌ အဖွဲ့နှစ်ဖွဲ့ ခွဲ၍ စက်တင်ဘာ ၄ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရောဂါကြိုတင် နှိမ်နင်းရေး လုပ်ငန်းများအား ပူးတွဲ ဆောင်ရွက်မည် ဖြစ်ပြီး ထိုင်းတပ်မတော် ဆေးအဖွဲ့တွင် ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့် အထွေထွေ ဆေးဝါးများ၊ ရေသန့်စင် စက်များလည်း ပါရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger