www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 29, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့ India Naval Aviation Squadron ၊ Goa Port နှင့် Goa Shipyard တို့အားလေ့လာပြီး ပူနေးမြို့သို့ ဆက်လက်ထွက်ခွာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာစဉ်

နေပြည်တော် ၊ ၂၉-၇-၂၀၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်  ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၇ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့ရှိ India Naval Aviation Squadron(INS Hansa) သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ INS Hansa ရှိ လေယာဉ်များကို ကြည့်ရှုလေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာစဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် INS Hansa သို့ နံနက် ၉ နာရီတွင် ရောက်ရှိရာ Fleet Officer, Goa Commanding Area မှ Rear Admiral Ravneet Singh နှင့် တာဝန်ရှိ သူများက ရင်းနှီးစွာ ကြိုဆိုကြပြီး Comodore Shalinder Singh က ရှင်းလင်း ဆောင်တွင် INS Hansa နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည့် အချက်အလက် များအား မေးမြန်း ဆွေးနွေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Rear Admiral Ravneet Singh တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် INS Hansa ရှိ လေယာဉ်များ၊ Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘော တို့အား ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ ၁ဝ မိနစ်တွင် Goa Shipyard Limited သို့ ရောက်ရှိရာ Goa Shipyard မှ Chairman and Managing Director ဖြစ်သူ Mr. Sekhar Mitalူ နှင့်တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ပြီး တာဝန်ရှိ သူများက ရှင်းလင်းဆောင်တွင် Shipyard နှင့်ပတ်သက်သော အချက်အလက် များအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Goa Shipyard Limited သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက Shipyard နှင့်ပတ်သက်သော အချက်အလက်များကို ရှင်းတင်းတင်ပြစဉ်



ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Sekhar Mital တို့က အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး Shipyard လုပ်ငန်းခွင် အတွင်း ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Goa Shipyard Limited သည် အိန္ဒိယနိုင်ငံ၏ သင်္ဘော တည်ဆောက်ရေး လုပ်ငန်း များတွင် ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်လျက် ရှိသော သင်္ဘောကျင်း တစ်ခုဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပေါ်တူဂီ အစိုးရမှ သင်္ဘောများ တည်ဆောက်ရန် အတွက် အသေးစား စက်ရုံအဖြစ် အသုံးပြုရန် Estaleiros Navais de Goa အမည်ဖြင့် စတင်တည်ဆောက် ခဲ့ပြီး ယခုအခါ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများအား နောက်ဆုံးပေါ် နည်းပညာ များဖြင့် ခေတ်မီစွာ ပြင်ဆင် တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။

Shipyard လုပ်ငန်းခွင်ကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂိုအာမြို့မှ ပူနေးမြို့သို့ အိန္ဒိယ တပ်မတော် လေယာဉ်ဖြင့် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာရာ Fleet Officer,Goa Commanding Area မှ Rear Admiral Ravneet Singh နှင့်ဇနီး၊ တာဝန်ရှိ သူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger