www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 29, 2015

ဒဂုံမြို့နယ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်အနီး ကျူးကျော် နေထိုင်သည့် အိမ်ခြေများ နှစ်နှစ်အတွင်း ရှစ်ဆနီးပါး တိုးလာ


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်အနီး ကျူးကျော် နေထိုင်သူ များမှာ နှစ်နှစ်အတွင်း အိမ်ခြေ ရှစ်ဆနီးပါး တိုးလာကြောင်း ရန်ကုန် အရှေ့ပိုင်း ခရိုင် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ယင်းနေရာတွင် ကျူးကျော် နေထိုင်မှုမှာ ၂ဝ၁၃ ခုနှစ်အတွင်း အိမ်ခြေ ၇ဝဝ ကျော်ခန့်သာ ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ခြေ ၅ဝဝဝ ကျော်အထိ တိုးတက် လာခဲ့သည်။

''အခု စီးပွားဖြစ် နေထိုင်သူ တွေများ လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုတင်ပြပြီး အထက်က လမ်းညွှန်ချက် နဲ့ပဲ ဆက်လက် လုပ်ဆောင် သွားမယ်'' ဟု ရန်ကုန် အရှေ့ပိုင်း ခရိုင် စည်ပင် သာယာရေး ကော်မတီ တာဝန်ခံ ဦးကျော်ဦး က ပြောသည်။

အဆိုပါ ကျူးကျော်မှု များကို ရွှေ့ပြောင်း ပေးရန် ၂ဝ၁၄ ခုနှစ်မှစ၍ ယခုနှစ်အတွင်း ကြေညာစာ ငါးကြိမ်တိုင်တိုင် ပေးပို့ ခဲ့သော်လည်း ယနေ့ အချိန်ထိ ပြောင်းရွှေ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။ ၄င်းတို့မှာ ပြောင်းရွှေ့ခြင်း မရှိသည့်အပြင် လူဦးရေမှာ ပိုမိုများပြား လာခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်သည်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက် အနီးတွင် နေထိုင်သည့် ကျူးကျော်များမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ လာရောက် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် တရားဝင် နေထိုင်ခွင့်ပြု သင့်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် နေထိုင်သူ မိသားစု ၃ဝဝဝဝ ကျော်ရှိပြီး ယင်း မိသားစုများမှာ လှိုင်သာယာ မြို့နယ်တွင် အများဆုံး နေထိုင် ကြကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။(၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger