www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 30, 2015

မြစ်သာမြစ် အတွင်း စက်လှေတိမ်းမှောက်ရာ လူနာတစ်ဦးနှင့် ခရီးသည် ငါးဦး ပျောက်ဆုံးနေ


ကလေး ၊ ၃၀-၇-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြစ်သာမြစ် အတွင်း ယမန်နေ့ ညနေ ၆ နာရီခွဲတွင် လူနာနှင့် ခရီးသည်များ စီးနင်းလိုက်ပါသည့် စက်လှေတစ်စင်း တိမ်းမှောက် နစ်မြုပ် ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ကလေးမြို့ ကျီကုန်း ကျေးရွာနေ ကိုအောင်ဆန်းဝင်း မောင်းနှင် လာသော အလျား ၄၂ ပေ၊ အနံ ၅ ပေအရွယ်ရှိ ချိန်ချိုင်း အမျိုးအစား နှစ်လုံးထိုး အင်ဂျင်စက် တပ်ဆင်ထားသည့် စက်လှေသည် ကလေးဝမြို့ ရွှေတောင် ဆိပ်ကမ်းမှ လူနာ အမျိုးသမီး နှစ်ဦး၊ ခရီးသည် ၂ဝ ဦးတို့အား တင်ဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက မြစ်သာမြစ်ကြောင်း အတိုင်း ကလေးမြို့ ဘက်သို့ ခုတ်မောင်း လာခဲ့ရာတွင် စက်လှေ အင်ဂျင်စက်မှာ ကွဲ သွားပြီးနောက် ရေစီး၌ မျောပါကာ တိမ်းမှောက် နစ်မြုပ် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စက်လှေ နစ်မြုပ်စဉ် စက်လှေ ပေါ်ပါ လူနာ အမျိုးသမီး နှစ်ဦးအနက် လူနာ အမျိုးသမီး တစ်ဦးနှင့် ခရီးသည် ၁၅ ဦးအား ကယ်ဆယ် နိုင်ခဲ့သည်။ ကျန်လူနာ တစ်ဦးနှင့် ခရီးသည်ငါးဦး တို့မှာ မြစ်သာမြစ်ကြောင်း အတွင်း ပျောက်ဆုံးလျက် ရှိပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်သိန်း နှင့် အဖွဲ့မှ လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။ (၄၅ဝ)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger