www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 27, 2015

စက်မှုဇုန်ရေဆိုးများ ဒုဋ္ဌ၀တီမြစ်အတွင်း စွန့်ပစ်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်လို



မန္တလေး ၊ ၂၇-၅-၂၀၁၅

မန္တလေးမြို့ စက်မှုဇုန်မှ စွန့်ထုတ်သော ရေဆိုးများကို ဒုဋ္ဌဝတီမြစ် အတွင်း စွန့်ပစ်မည် ဆိုပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု မရှိစေရေးနှင့် ရေအရည် အသွေး ကျဆင်းမှု မဖြစ်ပေါ် စေရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်၊ ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၅) မန္တလေးမှ သိရသည်။

ဒုဋ္ဌဝတီမြစ်သည် စစ်ကိုင်း တံတားဟောင်း (အင်းဝတံတား) အောက်ဘက် အနီးတွင် ဧရာဝတီ မြစ်အတွင်း စီးဝင်လျက် ရှိရာ စက်မှုဇုန် ရေဆိုး များသည်လည်း ဧရာဝတီမြစ် အတွင်းသို့ ဒုဋ္ဌဝတီမြစ် အတွင်းမှ တစ်ဆင့် စီးဝင် နိုင်ကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ် အတွင်းရှိ ရေ အရည်အသွေး ကျဆင်းမှု နှင့် သဘာဝ သယံဇာတ များပါ ထိခိုက်နိုင်ကြောင်း သိရသည်။

''စက်မှုဇုန် ရေဆိုးတွေကို ဒုဋ္ဌဝတီ မြစ်တွင်း စွန့်ပစ်မယ် ဆိုရင် စက်ရုံတွေက ထုတ်တဲ့ ရေဆိုးတွေကို စနစ်တကျ သန့်စင်မှုတွေ ပြုလုပ် ရပါမယ်။ သန့်စင်မှု မပြုဘဲ ဒီအတိုင်း စက်ရုံကနေ မြစ်ထဲကို တိုက်ရိုက် စွန့်ထုတ်မယ် ဆိုရင် ရေနေ သတ္တဝါတွေ အတွက် အန္တရာယ်များ ပါတယ်။ နောက်ပြီး ရေ အရည်အသွေး လဲ ကျဆင်းပါမယ်။ ကျန်တဲ့ သဘာဝ ပတ်ဝန်းကျင် ကိုလဲ အများကြီး ထိခိုက်နိုင် ပါတယ်။ ဒါကြောင့် စနစ်တကျ ဆောင်ရွက်ဖို့ လိုပါမယ် '' ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဒေသ(၅) မန္တလေးမှ တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။

ရေဆိုးများကို မြစ်၊ ချောင်း များအတွင်းသို့ တိုက်ရိုက် စွန့်ပစ်မှု ပြုလုပ်၍ မရကြောင်း၊ စက်ရုံမှ ထွက်ရှိသော ရေဆိုးများကို ရေစစ်ကန်များ၊ ရေဆိုး သန့်စင်သည့် စနစ်များ ဆောင်ရွက်ပြီး မှသာ စွန့်ပစ်ရမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း၌ စက်မှုဇုန် ထုတ် ရေဆိုးများ၏ အန္တရာယ်ကြောင့် တောင်သမန်အင်း အတွင်းရှိ ငါးနှင့် ရေသတ္တဝါများ သေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ရေဆိုးများ မြစ်ချောင်း များအတွင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်းကို မပြုလုပ်ဘဲ သန့်စင်ပြီး မှသာ စွန့်ပစ်ရန် လိုကြောင်းကို ပြီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး တွင်လည်း တင်ပြ ထားကြောင်း ၄င်းက ဆက်လက် ပြောပြသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger