www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 27, 2015

ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်းများ အတွက် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှု လာမည့် ဇွန် ၁ ရက်မှစတင် ဆောင်ရွက်ရမည်



ရန်ကုန် ၊ ၂၇-၅-၂၀၁၅

ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုကို လာမည့် ဇွန် ၁ ရက်မှ စတင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကျသင့်ငွေ၏ ၅ ရာခိုင်နှုန်း အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုအား လုပ်ငန်းရှင်များ ဘက်မှ ပျက်ကွက် ခဲ့ပါက ယခုအသစ် ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပါ ဒဏ်ကြေးများ အတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ကုန်သွယ် လုပ်ငန်းခွန် ပြင်ဆင်သည့် ဥပဒေ၌ ဒဏ်ကြေးငွေ များအား ပထမအကြိမ် ပျက်ကွက်လျှင် ငွေကျပ် နှစ်သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်လျှင် ငွေကျပ် ငါးသိန်း၊ တတိယ အကြိမ် ပျက်ကွက်လျှင် ငွေကျပ် ခုနစ်သိန်း၊ တတိယ အကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ဆယ်သိန်း အထိ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။

အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုအား လုပ်ငန်းရှင်များ ဘက်မှ ပျက်ကွက်မှုကို သတင်းပေး တိုင်ကြားသူ များအား ကျသင့် အခွန်၏ ၁ ရာခိုင်နှုန်း အပြင် အကြိမ်လိုက် ပျက်ကွက်မှု အတွက် ဒဏ် ထပ်ရိုက်သည့် ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်း ချီးမြှင့်မည်ဟု ဥပဒေ၌ ပြဋ္ဌာန်း ထားသည်။

ယင်းကဲ့သို့ အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှု နှင့် စပ်လျဉ်း၍ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စားသောက်ဆိုင် များ၌ ပညာပေး ကာလ အနေဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger