www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 30, 2015

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီသုံးခုမှ အဆိုပြုလွှာများ တင်သွင်းထား



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီသုံးခု မှ တင်ဒါ အဆိုပြုလွှာများ တင်သွင်း ထားကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားမှ သတင်း ထုတ်ပြန် ထားသည်။

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း တင်ဒါ ယှဉ်ပြိုင်ရန် တင်ဒါ အဆိုပြုလွှာ များကို ဂျပန် -မြန်မာ ပူးပေါင်းရေး ကုမ္ပဏီတစ်ခု၊ ဗီယက်နမ်- တရုတ်- မြန်မာပူးပေါင်း ကုမ္ပဏီတစ်ခု၊ မြန်မာ- စင်ကာပူ ပူးပေါင်း ကုမ္ပဏီတစ်ခု၊ စင်ကာပူ နိုင်ငံမှ ကုမ္ပဏီ တစ်ခု၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ကနေဒါ နိုင်ငံမှ ကုမ္ပဏီ တစ်ခု၊ တိုင်ဝမ်မှ ကုမ္ပဏီတစ်ခု နှင့် မြန်မာနိုင်ငံ မှ ကုမ္ပဏီတစ်ခု စုစုပေါင်း ကုမ္ပဏီ ကိုးခုက တင်ဒါ တင်သွင်းရန် အဆိုပြုလွှာများ ထုတ်ယူ ထားပြီး ကုမ္ပဏီ အဖွဲ့အစည်း ကိုးခုအနက် သုံးခုသာ တင်ဒါ အဆိုပြုလွှာ များကို တင်သွင်း ထားခဲ့ကြောင်း သိရသည်။

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒီဇိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်၊ ပြည်တွင်း ပြည်ပ အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ ပေးပို့ရန် ၂ဝ၁၄ ခုနှစ် ဧပြီ ၂၆ ရက်က စတင်ဖိတ်ခေါ် ခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ဥရောပ နှင့် အာရှဒေသ များမှ နိုင်ငံပေါင်း ၁၂ နိုင်ငံက အဆိုပြုလွှာ ၃၄ ခု ပေးပို့ခဲ့ ကြသည်။ အဆိုပြုလွှာ များကို လေ့လာ ဆန်းစစ်ခြင်း နှင့် အကဲဖြတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်စွမ်းရှိမည့် ဆန်ခါတင် ကုမ္ပဏီများကို ရွေးချယ်ကာ တင်ဒါ အဆိုပြုလွှာများ ပြန်လည် တင်သွင်းရန် ခေါ်ယူ ထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန် ဘူတာကြီး စီမံကိန်း တွင် ဘူတာ အဆောက်အအုံ ကို မူလအတိုင်း ထားရှိမည် ဖြစ်ပြီး ကျန်ရှိသည့် မီးရထား ပိုင်မြေ ၆၂ ဧကတွင် အဆင့်မြင့် အဆောက်အအုံ များ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger