www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 30, 2014

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်များ ရောင်းချမည်





နေပြည်တော် ၊ ၃၀-၁၂-၂၀၁၄

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်းသစ် ၂ဝဝိ/ -တန် တစ်မျိုးနှင့် ၁ဝဝိ/-တန် နှစ်မျိုးကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်သည်။

အထူး အစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့တွင် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger