www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 30, 2014

အမေရိကန်၏ လူမဲ့ဒုံးကျည် ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီး



ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄

ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု က လွှတ်တင် လိုက်သော Antares လူမဲ့ ဒုံးကျည်သည် စက္ကန့်ပိုင်း အတွင်း ပေါက်ကွဲကာ မီးလောင် ပျက်စီး သွားကြောင်း သိရသည်။

Orbital Science Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာ အာကာသစခန်း သို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ ဒုံးလွှတ်စင်မှ ပစ်လွှတ် လိုက်ရာ ချက်ချင်းလိုလို ပေါက်ကွဲ သွားခြင်း ဖြစ်သည်။

Antares ကိုမူလက အောက်တိုဘာ၂၇ တွင် ပစ်လွှတ်ရန် ဖြစ်သော်လည်း ဒုံးလွှတ်စင် ရှိရာ ကမ်းရိုးတန်းတွင် ရွက်လှေတစ်စီး ရောက်ရှိ နေသောကြောင့် အန္တရာယ် မကင်းသဖြင့် ရက်ရွှေ့ဆိုင်း ခဲ့ရသည်။ အာကာသစခန်း သို့ လူနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရန် နာဆာသည် Orbital Science ပုဂ္ဂလိက ကုမ္ပဏီကို စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ပြီး ယခုတစ်ကြိမ် ဒုံးပစ်လွှတ်မှု သည် တတိယ အကြိမ် ဖြစ်သည်။

ပေါက်ကွဲသွားသော Antares ၌ အာကာသ စခန်းတွင် တာဝန် ထမ်းဆောင် နေသော ဝန်ထမ်း ခြောက်ဦးအတွက် လူ့ဦးနှောက် ထံသို့ သွေးစီးဆင်း မှုကို စမ်းသပ်ရန် ကိရိယာများ၊ ဥက္ကာပျံ များကို ခွဲခြမ်းစိတ်ဖြာ ရာတွင် လိုအပ်သည့် ကိရိယာများ၊ အစားအစာများ စုစုပေါင်း အလေးချိန် ပေါင် ၅ဝဝဝ ခန့်ကို တင်ဆောင် ထားသည်။ Antares ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကဒုံးကျည် ပေါက်ကွဲရသည့် အကြောင်းရင်းကို ရှာဖွေနေပြီ ဖြစ်ကြောင်း၊ ဒုံးကျည် အလိုအလျောက် ဖျက်ဆီးရေး ခလုတ် ပွင့်သွားဖွယ် ရှိကြောင်း  ၊ သို့သော် အတည်မပြု နိုင်သေးကြောင်း Orbital Science မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့က မည်သည့် မှတ်ချက်မျှ မပေးသေး သော်လည်း ဒုံးကျည်ကို ဒုံးလွှတ်စင်မှ မ, တင်ရာတွင် အသုံးပြုသည့် AJ-26 အင်ဂျင်စက် များကို သံသယ ရှိနေကြသည်။ AJ-26 အင်ဂျင်များကို ဆိုဗီယက် ယူနီယမ်ခေတ် က လကမ္ဘာသို့ ပစ်လွှတ်သော N-1 ဒုံးကျည်တွင် အသုံးပြုခဲ့ရာ တွင်လည်း ပေါက်ကွဲပျက်စီး ခဲ့ဖူးသည်။ ယမန်နေ့ တွင်ပင် ရုရှားကလည်း နိုင်ငံတကာ အာကာသစခန်းသို့ စားနပ်ရိက္ခာ နှင့် ပစ္စည်း ကိရိယာများ တင်ဆောင် ထားသော ဒုံးကျည်ကို လွှတ်တင်ခဲ့ရာ အစစအရာရာ ချောမွေ့ အောင်မြင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဒုံးလွှတ်စင်လည်း ဆိုးရွားစွာ ပျက်စီးသွားခဲ့ သဖြင့် အမေရိကန် ပြည်ထောင်စု အနေနှင့် ဗာဂျီးနီးယား ဒုံးလွှတ်စင်မှ နောက်ထပ် ဒုံးကျည် ပစ်လွှတ်ရန် အချိန် အတော်ကြာ ပြုပြင်ရဦးမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger