www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 29, 2014

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁) ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနား ကျင်းပ


စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် 
အမျိုးသမီး ဗိုလ်လောင်းများအား 
ပြန်တမ်းဝင်လက်မှတ်များ တစ်ဦးစီ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၉-၈-၂၀၁၄

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) ၏ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ပြည်ထောင်စု ခန်းမ၌ ကျင်းပ ပြုလုပ်ရာ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် တက်ရောက် ချီးမြှင့် ပေးအပ်သည်။

အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ အရာရှိကြီးများ၊ တာဝန်ရှိ သူများ၊ သင်တန်းဆင်း ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ နှင့် မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့် က အမျိုးသမီး ဗိုလ်လောင်း တစ်ဦးစီအား ပြန်တမ်းဝင် လက်မှတ်များ ပေးအပ်၍ ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ် ပေးခဲ့သည်။

ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့် က အမှာစကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယမန်နေ့ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ရာ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကွက်ကဲမှု အောက် ဦးစီးရုံးနှင့် တပ်များတွင် ၉၂ ဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက် တပ်များတွင် ၅ ဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကွပ်ကဲမှုအောက် တပ်များတွင် ၃ ဦး အသီးသီး တာဝန်ပေး ခန့်အပ် ခဲ့သည်။

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁)တွင် ဗိုလ်လောင်း အင်အား ၁ဝဝ ဦး တက်ရောက် ခဲ့ကာ နိုင်ငံခြား ဘာသာဘွဲ့၊ စီးပွား ရေးဆိုင်ရာ ဘွဲ့နှင့် အခြား ဘာသာရပ် ဆိုင်ရာ ဘွဲ့များ ပါဝင်ပြီး မဟာဘွဲ့ ရသူ ၅၆ ဦး၊ မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်းမီသူ ၃၉ ဦး၊ ရိုးရိုးဘွဲ့ ငါးဦးတို့ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger