www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 27, 2014

အွန်လိုင်း အခမဲ့ အင်္ဂလိပ်ဘာသာ သင်တန်းကို စက်တင်ဘာ ၁ ရက်မှ စတင်ကာ အခမဲ့ တက်ရောက်နိုင်



ရန်ကုန် ၊ ၂၇-၈-၂၀၁၄

အင်တာနက် ပေါ်မှ အခမဲ့ သင်ကြား ပေးမည့် အင်္ဂလိပ်ဘာသာ သင်တန်းကို စက်တင်ဘာ ၁ ရက်မှ စ၍ ဗြိတိန်နိုင်ငံ ၏ အခမဲ့ အွန်လိုင်း သင်တန်းများ ပေါင်းစည်း ထားသည့် Future Learn ဝက်ဘ်ဆိုက် မှတစ်ဆင့် အခမဲ့ တက်ရောက် နိုင်ပြီ ဖြစ်ကြောင်း ဗြိတိသျှကောင်စီ မှ သိရသည်။

ရက်သတ္တခြောက်ပတ် ကြာမည့် အဆိုပါ သင်တန်းကို '' Exploring English : Language and Culture အင်္ဂလိပ်ဘာသာ စူးစမ်း လေ့လာခြင်း၊ ဘာသာစကား နှင့် ယဉ်ကျေးမှု '' ဟု အမည်ပေး ထားရာ သင်တန်းသားများ အနေဖြင့် PC နှင့် Laptop များဖြင့်သာမက Tablet နှင့် မိုဘိုင်းလ်ဖုန်း များဖြင့်လည်း လွယ်ကူစွာ အသုံးပြု သင်ကြား နိုင်ပြီး ဗီဒီယို ကြည့်ရှုရန် အင်တာနက် အဆင်မပြေ ပါက ဗီဒီယိုပါ အကြောင်းအရာ အားလုံးကို PDF ဖိုင်ဖြင့် Download ရယူ သိမ်းဆည်း ဖတ်ရှု နိုင်သောကြောင့် မြန်မာနိုင်ငံမှ တက်ရောက် သူများ အခက်အခဲ မရှိနိုင်ကြောင်း ဗြိတိသျှကောင်စီ ၏ အင်္ဂလိပ်ဘာသာ သင်ကြားရေး ဌာန ညွှန်ကြားရေးမှူး Ginny Rowlands က ပြောသည်။

အဆိုပါ သင်တန်းသည် ဗြိတိသျှ ကောင်စီ၏ အွန်လိုင်း သင်ကြား လေ့လာခြင်းနှင့် ဆိုင်သော ကျွမ်းကျင်မှု ကို စံထား ပြုစုထားပြီး တက်ရောက် သူတွင် နိုင်ငံတကာသုံး Credit Card ရှိပါက သင်တန်း တက်ရောက် ခဲ့ကြောင်း လက်မှတ် " Statement of Participation " ကို ဝယ်ယူ လိုပါက ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်စာကို Intermediate အဆင့်အထိ လေ့လာထားသူ မည်သူမဆို သင်တန်း တက်ရန် စာရင်းသွင်းပြီး သည်နှင့် စက်တင်ဘာ ၁ ရက်မှ စတင်ကာ သင်တန်းကို ဝင်ရောက် လေ့လာနိုင်ပြီး မိမိ နှစ်သက်ရာ အားလပ်သည့် အချိန်နှင့် စိတ်ကြိုက် လေ့လာ နိုင်သော အမြန်နှုန်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လေ့လာ သွားနိုင်ကြောင်း သိရသည်။

သင်တန်းအတွက် တင်ပေးထားသော Future Learn ဝက်ဘ်ဆိုက်ကို ဝင်ရောက် အသုံးပြုသူ သည် အနည်းဆုံး အသက် ၁၃ နှစ် ရှိရမည်ဖြစ်ပြီး မိဘများလည်း ၄င်းတို့ ကိုယ်ပိုင် အမည်ဖြင့် စာရင်းသွင်း ဝင်ရောက်နိုင်ကာ ကိုယ်ပိုင် (Profile) မှ တစ်ဆင့် မိမိတို့၏ ကလေးများအား သင်တန်း တစ်လျှောက် စောင့်ကြပ် ကူညီနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်း အကြောင်းကို အသေးစိတ် သိရှိလိုပါက ဗြိတိသျှ ကောင်စီ၏ Myanmar Network ဝက်ဘ်ဆိုက် www.myanmar-network.net တွင် ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger