www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 29, 2014

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ မြန်မာ့ လေကြောင်းလိုင်း အား မြန်မာ အမျိုးသား လေကြောင်းလိုင်း အမည် ပြောင်းလဲ၍ ပြည်ပ ခရီးစဉ်များ စတင် ပျံသန်းမည်


ရန်ကုန် ၊ ၂၉-၈-၂၀၁၄

၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ ပြည်ပခရီးစဉ် များကို စတင် ပျံသန်းတော့မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ အင်ဂျင်နီယာချုပ် ဦးမြင့်အောင် ၏ ပြောကြားချက် အရ သိရသည်။

နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သည့် မြန်မာ့ လေကြောင်းလိုင်း ကို မြန်မာ အမျိုးသား လေကြောင်းလိုင်း ( Myanmar National Airline - MNA ) အဖြစ် အမည် ပြောင်းလဲ၍ နိုင်ငံတော် အစိုးရ၏ အထောက်အပံ့ကို မယူတော့ဘဲ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ရပ် အဖြစ် ဆက်လက် ရပ်တည် နိုင်ရန် ပြည်ပ ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်းကာ စီးပွားရေး ဆိုင်ရာ အစီအစဉ်များ ရေးဆွဲလျက် ရှိသည်။

ပြည်ပ ခရီးစဉ်များ ပျံသန်း ရာတွင် မြန်မာ့ လေကြောင်းလိုင်း အမည်ကို အသုံးပြုမည် မဟုတ်ဘဲ မြန်မာ အမျိုးသား လေကြောင်းလိုင်း အမည်ဖြင့် ပြောင်းလဲ အသုံးပြု သွားမည် ဖြစ်သည်။

လက်ရှိတွင် ပြည်ပ ခရီးစဉ်များကို တစ်နေ့လျှင် အကြိမ်မည်မျှ ပျံသန်းမည် ၊ မည်သည့် လေယာဉ် အမျိုးအစားဖြင့် ပျံသန်း ပြေးဆွဲမည် ကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ စတင် ပျံသန်း ပြေးဆွဲမည့် ပြည်ပ ခရီးစဉ်များမှာ တရုတ်၊ ဟောင်ကောင်၊ တိုင်ပေ စသည့် မြို့များသို့ ပထမဆုံး ပျံသန်း သွားမည်ဖြစ်ပြီး နောက်ပိုင်း ကာလများတွင် ခရီးစဉ်များတိုးချဲ့ပျံသန်းမှုကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှု ကောင်းမွန် စေရေး နှင့် အဆင်ပြေစွာ ပျံသန်း ပြေးဆွဲနိုင်ရေး အတွက် ပြင်ဆင်ချိန် ကာလ ကြာမြင့် နေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ လေကြောင်းမှ မြန်မာ အမျိုးသား လေကြောင်းလိုင်း အဖြစ် ပြောင်း လဲ၍ အမေရိကန် နိုင်ငံ အခြေစိုက် GE Capital Service မှ Boeing 737 - 800 လေယာဉ်သစ် ခြောက်စင်းနှင့် Boeing 737 - 8 MAX Model လေယာဉ်သစ် လေးစင်း တို့ကို ၂ဝ၁၄ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အထိ ငှားရမ်း ထားပြီး ယင်း လေယာဉ် များဖြင့် ပြည်ပ ခရီးစဉ်များ ပျံသန်း ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger