www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 30, 2014

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ကမ္ဘာ့လှည့် ခရီးသွားများ လေ့လာမှု များပြားလာ


ကမ္ဘာကျော် ဂုတ်ထိပ်တံတား

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ကမ္ဘာ့လှည့် ခရီးသွားများ လေ့လာမှု များပြားလာ

ကိုနေ (သီပေါ)

မန္တလေး - လားရှိုး ရထားလမ်း ပေါ်ရှိ နာမည်ကျော် ဂုတ်ထိပ် တံတားကြီးသို့ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်တစား လာရောက် လေ့လာမှု များပြားကြောင်း ဧည့်လမ်းညွှန် များထံမှ သိရသည်။

နာမည်ကျော် ဂုတ်ထိပ်တံတား ကြီးသည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် (၇)မိုင် အကွာ မိုင်တိုင် - ၄၆၃/ဝ၉ တွင် တည်ရှိသည်။

နှစ်ပေါင်း (၁ဝဝ)ကျော် ရှိပြီ ဖြစ်သည့် အဆိုပါ ဂုတ်ထိပ်တံတား ကို ဖြတ်သန်း လေ့လာရန် ကမ္ဘာလှည့် ခရီးသွား များသည် မန္တလေးနှင့် ပြင်ဦးလွင် တို့မှ ရထားစီး၍ လာရောက်မှု များရှိပြီး နိုင်ငံခြားသား များအတွက် ရထားလက်မှတ် ကို ယခင်က ကဲ့သို့ ဒေါ်လာဖြင့် ဝယ်ယူရန် မလိုဘဲ ပြည်တွင်း ခရီးသွားများ နှင့် ဈေးနှုန်းတူ မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူစီးနင်း နိုင်ရန် သတ်မှတ် ထားပြီး လာရောက် လေ့လာသူ များပြား လာကြောင်း သိရသည်။

ဂုတ်ထိပ် တံတားကြီး ကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီမှ ပုံစံရေးဆွဲ၍ အမေရိကန် ပြည်ထောင်စု ပင်ဆီဗေးလ်နီးယား နှင့် မာရီလင်း တံတား တည်ဆောက်ရေး ကုမ္ပဏီ က ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ် ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှိသည်။ တံတားကြီးကို ထောက်ပင့် ထားသော သံတိုင်မှာ အမြင့်ဆုံးပေ ၃၂ဝ ဖြစ်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေရှိသည်။ ထူးခြားချက်မှာ အခြားသော တံတားကြီးများ ကဲ့သို့ မြစ်ချောင်း များကို ဖြတ်၍ ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ် စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခဲရာခဲဆစ် တည်ဆောက် ထားခြင်း ဖြစ်သည်။ ဆောက်လုပ်ချိန် ကိုးလသာ ကြာမြင့်ခဲ့ပြီး တံတား ကုန်ကျငွေမှာ စတာလင် ပေါင် ၁၁၃၂ဝဝ ခန့် ကုန်ကျခဲ့ ကြောင်း မြန်မာ့ မီးရထား မှတ်တမ်း များအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger