www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 29, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား တက်ရောက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင် 
နှင့်ဇနီး ဒေါ်ကြူကြူလှ
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) 
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း
ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ကျောင်းဆင်းအရာရှိများအား တစ်ဦးချင်း
ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၉-၈-၂၀၁၄

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် မှော်ဘီမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော် အရာရှိကြီးများ နှင့် ဇနီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကျောင်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့် ဇနီးတို့က ကျောင်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း အရာရှိများ၊ မိဘဆွေ မျိုးများနှင့် အတူ ညစာ သုံးဆောင် ကြသည်။


ညစာ သုံးဆောင် ပြီးချိန်တွင် အခမ်းအနားသို့ တက်ရောက် လာကြသူ များအား ဘွဲ့နှင်းသဘင် ခန်းမဆောင် ၌ ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့က ဖျော်ဖြေ တင်ဆက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger