www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 31, 2014

မြန်မာ - အိန္ဒိယ နယ်စပ်တွင် စတုတ္ထမြောက် ကုန်သွယ်ရေး နှင့် စစ်ဆေးရေးစခန်း ဖွင့်လှစ်ရန် စီစဉ်


ပလက်ဝ ၊ ၃၁-၇-၂၀၁၄

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းနှင့် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းကို ချင်းပြည်နယ် ပလက်ဝမြို့ တွင် ဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိ အိန္ဒိယနိုင်ငံ နှင့် နယ်စပ် တစ်လျှောက်တွင် တမူး ၊ ရိဒ် နှင့် ထန်တလန် (ယာယီ) နယ်စပ် ကုန်သွယ်ရေး စခန်း ၃ ခု ဖွင့်လှစ်ထားပြီး စတုတ္ထမြောက် စခန်းအဖြစ် ပလက်ဝမြို့ တွင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း ၊ ယင်း အတွက် မြေနေရာ သတ်မှတ် နိုင်ရေး ကွင်းဆင်း စစ်ဆေးရေး လုပ်ငန်းများကို စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်း ၏ လုပ်ငန်း အားလုံး ပြီးစီးပါက စီမံခန့်ခွဲ ထိန်းသိမ်း အုပ်ချုပ်ရေး ပိုင်းကို မြန်မာနိုင်ငံ အစိုးရက တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး အန္ဒိယ အစိုးရက ကုန်စည် ဖြတ်သန်း ပို့ဆောင်ခကို ပို့ကုန်တန်ဖိုး ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ် ထားကြောင်း သိရသည်။

ချင်းပြည်နယ် နှင့် မီဇိုရမ် ပြည်နယ် နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခု ဖြစ်သော ရိဒ် ကုန်သွယ်ရေး စခန်းနှင့် ထန်တလန် ယာယီ နယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံ ဖွင့်လှစ်မည့် ပလက်ဝ စခန်းကို အကောင် အထည်ဖော် နိုင်ပါက ချင်းပြည်နယ် အတွင်း ထွက်ရှိသော စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များသည် ပလက်ဝ မှတစ်ဆင့် အိန္ဒိယ နိုင်ငံနှင့် အခြား ဈေးကွက်များသို့ တင်ပို့နိုင်မည့် အပြင် နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေး ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး တို့ကိုလည်း အထောက် အကူပြု နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

သျှင်နေမင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger