www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 28, 2014

ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများ တန်ဖိုးတစ်ဝက်နှုန်းဖြင့် ရောင်းဝယ်မှု နိုင်ငံတော်၏ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် မလွတ်ကင်းကြောင်း သိရ


ငါန်းဇွန် ၊ ၂၈-၇-၂၀၁၄

ကျေးလက် ဒေသများ၌ ဈေးတွင် သုံးစွဲ၍ မရတော့သည့် ငွေစက္ကူ အစုတ်အပြဲ များကို တန်ဖိုး တစ်ဝက်ကြေး နှင့် လဲပေးသည် ဆိုသည့် ဆိုင်ကယ်နှင့် လှည့်လည်၍ ငွေကြေး လဲလှယ် ရောင်းဝယ်မှု ဆောင်ရွက်နေသူ
များကို မကြာခဏ မြင်တွေ့ နေရသည်။

ထိုသို့ လဲလှယ်သူများ အနေဖြင့် သုံးစွဲ၍ မလွယ်ကူ တော့သော စွန်းထင်း စုတ်ပြဲ နေသည့် ငွေစက္ကူ အဟောင်းများ၏ တန်ဖိုးကို လိုက်၍ ၁ဝဝ ကျပ်လျှင် ငွေကျပ် ၅ဝ၊ ၁ဝဝဝဝ ကျပ်လျှင် ငွေကျပ် ၅ဝဝဝ အစရှိသဖြင့် မူလ သတ်မှတ် တန်ဖိုး၏ တစ်ဝက်ဖြင့် လဲလှယ် ကြကြောင်း သိရသည်။

အဆိုပါ ငွေကြေးလဲလှယ် ရောင်းဝယ် ခြင်းဖြင့် စီးပွားရှာသူ များကို တချို့ဒေသ များ၌ ဖမ်းဆီး အရေးယူမှုများ ရှိနေကြောင်း ကြားသိရ သဖြင့် သက်ဆိုင်ရာ ဌာနများသို့ မေးမြန်း စုံစမ်းခဲ့ရာ နိုင်ငံ တစ်နိုင်ငံတွင် ငွေကြေးနှင့် ပတ်သက်သည့် ကိစ္စများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်၊ စီမံပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံ တစ်ဝန်းတွင် ရှိသည့် မြန်မာ့ စီးပွားရေး ဘဏ်များတွင် အစုတ်အပြဲ များကို တန်ဖိုးမပျက် မည်သူ့ကို မဆို လဲလှယ် ပေးနေကြောင်း၊ တန်ဖိုး လျှော့ချပြီး လဲလှယ် ရောင်းဝယ် နေကြ ခြင်းသည် နိုင်ငံတော်၏ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် မလွတ်ကင်း ကြောင်း ငါန်းဇွန် မြို့နယ် မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ က ပြောပြသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦး ကလည်း နိုင်ငံတော် ဗဟိုဘဏ်က တန်ဖိုးအလိုက် သတ်မှတ် သုံးစွဲရန် ရိုက်နှိပ် ထုတ်ဝေ ထားသည့် ငွေကြေး တန်ဖိုး၏ ပမာဏကို လျှော့ချ ပစ်ခြင်းသည် ငွေကြေးတန်ဖိုး မငြိမ်သက်အောင် ကြံစည် ဆောင်ရွက် သကဲ့သို့ ဖြစ်နေ ခြင်းကြောင့် ဥပဒေနှင့် မကိုက်ညီကြောင်း ပြောပြသည်။

မြန်မာနိုင်ငံမှ တန်ဖိုး သတ်မှတ် ထုတ်ဝေ ထားသည့် ငွေစက္ကူ ကိုဖြစ်စေ၊ ငွေဒင်္ဂါး ကိုဖြစ်စေ၊ အကျိုး အမြတ် ရယူလို စိတ်ဖြင့် လဲလှယ် ရောင်းဝယ် ဖောက်ကားခြင်း ပြုလုပ်လျှင် ဗဟိုဘဏ် ဥပဒေ အခန်း (၁၆)၊ ပုဒ်မ-၉၉(ခ)နှင့် ငြိစွန်းပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ကျခံ ရနိုင်သည် အထိ အကျိုး သက်ရောက်မှု ရှိပြီး ဆက်စပ် သိမ်းဆည်း ရမိသည့် သက်သေခံ ပစ္စည်းများ ကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသည် အထိ
အရေးယူ ခံရနိုင်ကြောင်း သိရသည်။ 

ထက်ပိုင်အောင်(မြို့သာ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger