www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 29, 2014

နှစ်ပေါင်း ၁၁၀ က ကျဆုံးခဲ့သော မဟာမိတ်စစ်သည် များ၏ ကမ္ပည်းကျောက်စာ တွေ့ရှိ



မိတ္ထီလာ ၊ ၂၉-၆-၂၀၁၄

မိတ္ထီလာမြို့ တွင် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် ပဋိပက္ခ အတွင်းက သီရိမင်္ဂလာ ရပ်ကွက်၌ မီးလောင် ခံခဲ့ရသည်။ ယခုအခါ သီရိမင်္ဂလာ ရပ်ကွက် မီးလောင်မြေ တွင် ဂရန် အရှုပ်အရှင်း ကင်းသူများကို နေရာ ပြန်လည် တည်ဆောက်ခွင့် ပေးလျက် ရှိသည်။ 

ဤကဲ့သို့ ပြန်လည် တည်ဆောက်ခွင့် ရသဖြင့် သီရိမင်္ဂလာ ရပ်ကွက်နေ ကိုမြတ်လွင် က ယခင် ဦးဖိုးအေး ပိုင် သီရိမင်္ဂလာ ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေး ရှိ အလျား ၅၅ ပေ ၊ တောင် - မြောက် အနံပေ ၇၀ ရှိ မြေကွက်ကို ၀ယ်ယူပြီး တိုက်ဆောက် ခဲ့သည်။

ကိုမြတ်လွင် တိုက်ဆောက်ရန် အတွက် အုတ်ကန် တူးရာမှ မြေအနက် ၅ ပေခန့် အရောက်တွင် ထူးခြားသည့် စကျင်ကျောက်တုံး နှစ်တုံး (ပုံ) ကို တွေ့ရှိ ရသည်ဟု ဆိုသည်။ ၄င်း စကျင်ကျောက်တုံး နှစ်တုံးတွင် အင်္ဂလိပ်စာ များပါရှိပြီး အလျား ၁၃ လက် ၊ အနံ ၁၂ လက်မ ၊ အမြင့် ၁၀ လက်မရှိ စကျင်ကျောက်တုံး အသေးတွင် W- CHESNEY, 5901. H-THONPSON, 6630 B.C. BARNGS, 5901 T.cox 5th. J. BIRB 9th ဟု ပါရှိပြီး စကျင်ကျောက် တုံးကြီးတွင် READE 2 BOREGD WAS ACCIDENTELLY DROWN MEIKTILA, ON MARCH 31, 1904 ဟု ပါရှိသည်။

ထို စကျင်ကျောက် တုံးကြီး များမှာ အလျား လက်မ ၂၀ ၊ အမြင့် ၁၆ ဒသမ ၅ လက်မ ၊ အနံ ၉ လက်မရှိပြီး စကျက်ကျောက် တုံးပါ သက္ကရာဇ် အရ နှစ်ပေါင်း ၁၁၀ ရှိပြီဖြစ်သည်။ ထို စကျင်ကျောက် တုံးပါစာအရ မတော်တဆ ကျဆုံးခဲ့သည့် မဟာမိတ် စစ်သည်များ၏ ကမ္ပည်းမှတ်တမ်း ဖြစ်နိုင်သည်ဟု သိရသည်။

ဦးတင်လှိုင် (မိတ္ထီလာ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger