www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 28, 2014

အင်္ဂလိပ်ဘာသာဖြင့် Telecom Law အား ၀က်ဘ်ဆိုက်တွင် စတင်ဖတ်ရှုနိုင်



ရန်ကုန် ၊ ၂၈-၄-၂၀၁၄

အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော Telecom Law အား အများပြည်သူ ဖတ်ရှုနိုင်ရန် ၀က်ဘ်ဆိုက်တွင် စတင်လွှင့်တင် ထားကြောင်း သိရသည်။

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၏ ၀က်ဘ်ဆိုက်တွင် လွှင့်တင် ထားခြင်းဖြစ်ပြီး အလွယ်တကူ Download ပြုလုပ်ကာ ရယူနိုင်မည် ဖြစ်သည်။ Telecom Law Official Version အဖြစ် လွှင့်တင် ထားခြင်းဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ၁၈၈၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာ တယ်လီဂရပ်ဖ် Act ၊ ၁၉၃၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာ ၀ါယာလက် တယ်လီဂရပ်ဖီ Act နှင့် ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော Electronic Transaction Law စသည့် ဥပဒေများ ဖြင့်သာ လုပ်ငန်းများ ဆောင်ရွက် နေရပြီး ပြောင်းလဲလာသည့် နည်းပညာ အသစ်များ ၊ ဆက်သွယ်ရေး ၀န်ဆောင်မှု စနစ်အသစ် များနှင့် လိုက်လျော ညီထွေဖြစ်မည့် ဥပဒေအသစ် တစ်ရပ်ကို လိုအပ်လျက် ရှိကြောင်း ၊ တိုးတက် ပြောင်းလဲလာသော ခေတ်သစ် စနစ်သစ် ၊ နည်းပညာ အသစ်များနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် Telecom Act ဥပဒေအသစ် တစ်ခု ပေါ်ထွန်း လာစေရေး အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူများ ပူးပေါင်း၍ ဥပဒေမူကြမ်းအား ပြန်လည် ပြင်ဆင် ရေးဆွဲ ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန က ရေးဆွဲလျက် ရှိသော ဆက်သွယ်ရေး နည်းဥပဒေ များဖြစ်သည့် Licensing Rules, Spectrum Rules, Numbering Rules, Interconnection and Access Rules နှင့် Competition Rules တို့အပေါ် အကြံပြုချက် များကို ၄-၁၁-၂၀၁၃ နေ့မှ ၂-၁၂-၂၀၁၃ ရက်အထိ တောင်းခံ ခဲ့သည်။ ထို နည်းဥပဒေ ၅ ခုအပြင် အခြားသော လိုအပ်သည့် နည်းဥပဒေများ နှင့် ညွှန်ကြားချက်များ အား ဆက်လက် ရေးဆွဲ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ထားချက်အရ သိရသည်။

Telecom Law Official Version အား ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀က်ဘ်ဆိုက် ဖြစ်သော www.mcit.gov.mmhttp://www.mcit.gov.mm/law-and-regulation/telecoms တွင် လွှင့်တင် ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်း (အင်တာနက် ၁၅/၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger