www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 30, 2014

ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်လျက်ရှိရာ သင်္ကြန်ကာလမတိုင်မီ ပြီးစီးမည်


ရှေးမူမျက် ပြန်လည်ပြုပြင်လျက်ရှိသော ဦးပိန်တံတား

အမရပူရ ၊ ၃၀-၃-၂၀၁၄

မန္တလေး အမရပူရ မြို့နယ် တောင်တမန်အင်း ရှိ ဦးပိန်တံတား ကို အကြီးစား ပြန်လည် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက် ရှိရာ သင်္ကြန်ကာလ မတိုင်မီ လုပ်ငန်းများ ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက် နှင့် စာကြည့်တိုက်များ ဦးစီးဌာန ( အထက် မြန်မာပြည် ) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ပြန်လည် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ရာ မြန်မာမှု ပညာရှင်များ ကြီးကြပ်မှုဖြင့် ရှေးမူမပျက် စေရေးအပြင် ကြံ့ခိုင်မှုပိုင်း အတွက် စိတ်ချစေရန် အတွက်လည်း လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ၊ ဦးပိန်တံတား သည် ပြည်တွင်း ပြည်ပ ခရီးသည်များ အမြဲမပြတ် လာရောက်ရာ အထင်ကရ နေရာ တစ်ခု ဖြစ်သောကြောင့် စနစ်တကျ ထိန်းသိမ်း မှသာ ရေရှည်တည်တံ့ နိုင်မည် ဖြစ်ရာ ပြည်သူလူထု အနေဖြင့်လည်း ၀ိုင်းဝန်း ပါဝင်ကူညီ ကြရန် လိုအပ်ကြောင်း သိရသည်။

" သင်္ကြန်ကာလ မတိုင်ခင်မှာ စိတ်ချရတဲ့ အနေအထား ထိရောက်အောင် အကောင်းဆုံး ပြုပြင် သွားမှာပါ ၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှေးမူမပျက် စေဖို့အတွက် နဲ့ ပျက်စီးနေတဲ့ နေရာတွေ ကိုတော့ ရေရှည် တည်တံ့ စေဖို့အတွက် ရှေးဟောင်း သုတေသန က ၀န်ထမ်းတွေ ကနေ စစ်ဆေးမှုတွေ ကို အမြဲမပြတ် လုပ်ဆောင် သွားမှာ ဖြစ်သလို ပြည်သူ တွေ အနေနဲ့ကလည်း စည်းကမ်းချက် တွေကို လိုက်နာ ကြဖို့ လိုပါတယ် ၊ ဦးပိန် တံတားဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး သစ်သား တံတား ဖြစ်တာကြောင့် နိုင်ငံခြားသား ခရီးသွား တွေက လာရောက် လည်ပတ် လေ့လာ ကြတာ ဖြစ်ပါတယ် ... " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ဦးပိန်တံတား သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၆၅ နှစ်ရှိပြီး အရှည်ပေ ၃၉၆၇ ပေ ရှည်လျားကာ ကျွန်းတိုင်လုံးပေါင်း ၁၀၈၆ တိုင်ဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း ၊ မြန်မာလူမျိုးများ ထိန်းသိမ်း ရမည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ (၀၅၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger