www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 28, 2014

(၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း 
စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦး စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

(၆၉)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ 
တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၄

၂ဝ၁၃ ခုနှစ်၊ (၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် နေပြည်တော်ရှိ စုရပ် သစ်တပ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းအား စစ်ရေးပြ မှူးကြီး ဗိုလ်မှူးချုပ် အေးဝင်း နှင့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အလေးပြု ကြသည်။

ထို့နောက် (၆၉)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်က စစ်ရေးပြ ဂုဏ်ပြုဆု ရရှိကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု တပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု တပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့ ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင် အဖွဲ့အကောင်းဆုံး ဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု အလံကိုင် အဖွဲ့အား လည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်း အဖွဲ့တို့ အားလည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦး က  အကောင်းဆုံး စခန်း ဒုတိယဆု ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)အား လည်းကောင်း ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ အား လည်းကောင်း ၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိ သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)အား လည်းကောင်း၊ အကောင်းဆုံး စခန်း ပထမဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ အားလည်းကောင်း ၊ စစ်ရေးပြ အကောင်းဆုံး ပထမဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းက စံပြတပ်ခွဲ တတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ အား လည်းကောင်း ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ အားလည်းကောင်း  ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း အား စစ်ရေးပြမှူး ကြီး ဗိုလ်မှူးချုပ် အေးဝင်း နှင့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အလေးပြုကြပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger