www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 26, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း အား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ကြည့်ရှုစဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၄

တပ်မတော် ၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍ ပြုလုပ်သော တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် စစ်ဦးစီး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်း ရှိ ရှင်းလင်းဆောင် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်း တွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင် တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်း အား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြရာ လေ့ကျင့်ခန်း တွင် ပါဝင် လုပ်ဆောင် ကြမည့် ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ် ၊ ၄င်းမှ ခွဲလွှတ်ရပ် ၊ ၄င်းမှ စီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင် ပုံစံဖြင့် တပ်ဖြန့်မှု အား ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက် နေစဉ်အတွင်း အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာ အား စီးနင်းခြင်း ၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ် များနှင့် ရန်သူ့ ပစ်မှတ် နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း ၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း ၊ အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း ၊ ခြေလျင် အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း များနှင့် ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက် ကြပြီး တိုင်ပွဲဝင် ပုံစံ အဆင့်ဆင့် အတိုင်း ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များက ရည်မှန်းချက် အသီးသီး သို့ ဖောက်ဝင်၍ ရန်သူကို ချေမှုန်း တိုက်ခိုက်ခြင်း များ ဆောင်ရွက် ကြသည်။

အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာအား စီးနင်းခြင်း လေ့ကျင့်စဉ်

အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ်ဖြင့် အမြောက်ရွှေ့ပြောင်းခြင်း လေ့ကျင့်စဉ်

တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူယူ ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်



ယင်းနောက် ရန်သူ၏ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့များအား အမြောက် တပ်ဖွဲ့များမှ ပစ်ခတ် ချေမှုန်းကြပြီး တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်း စီးနင်း တိုက်ခိုက်ခြင်း နှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း များအား ဆောင်ရွက် ကြပြီး လေ့ကျင့်ခန်း ပြီးဆုံး ရပ်နား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန် ရှိသူများ နှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်း တွင် လေ့ကျင့်ခန်း နှင့် ပတ်သက်၍ အမှာစကား ပြောကြား ခဲ့ပြီး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် ခြေလျင် ၊ အကူ လက်ရုံးတပ် များမှ အရာရှိ ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။ အလားတူ လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တပ်မတော်(လေ) မှ လေသူရဲ များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ ၊ စစ်ဦးစီး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် မိတ္ထီလာ တပ်နယ်မှ အရာရှိ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံပွဲ အသီးသီး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒ မှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော် အား ကာကွယ်ရန် ဖြစ်ကြောင်း ၊ မိမိတို့ တပ်မတော် အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Standart Army အဖြစ် တည်ဆောက်လျက် ရှိကြောင်း ၊ ယင်းသို့ တည်ဆောက် ရာတွင် လူ ၊ လက်နက် ၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ မိမိ၏ စစ်လက်နက် ပစ္စည်း ကိရိယာ များအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်ရန် လိုကြောင်း ၊ သို့ဖြစ်၍ စစ်မြေပြင် ကဲ့သို့ အတွေ့အကြုံမျိုး ရရှိစေရန် တပ်ဆင် ထားသည့် လက်နက် ၊ ပစ္စည်း ကိရိယာ ၊ ယန္တရား များဖြင့် လေ့ကျင့်ခန်း များ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၊ စစ်ဆင်ရေး အောင်မြင် စေရန် အတွက် တပ်များတွင် တိုက်ပွဲ စွမ်းအားရှိရန် အရေးကြီးကြောင်း ၊ ထို့အပြင် ယနေ့ အချိန်ကာလ တွင် IT နည်းပညာများ လွန်စွာ တိုးတက် လာမှုကြောင့် အဆင့်မြင့် နည်းပညာ အသုံးပြု၍ သတင်း အချက်အလက် များ ရယူခြင်းဖြင့် စစ်ဆင်ရေး နှင့် နည်းပညာ မြင့်မားသည့် လက်နက်များ ၏ စွမ်းပကားသည် တိုက်ပွဲကို အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း ၊ လုပ်ငန်း တာဝန် ထမ်းဆောင်မှု အတွက် ကျန်းမာ ကြံ့ခိုင်ရန် လိုအပ်ကြောင်း ၊ ကျန်းမာ ကြံ့ခိုင်မှု ရှိစေရန် အားကစား များကို စနစ်တကျ အားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အလားတူ မိမိ စစ်လက်နက် ပစ္စည်းများ၏ စွမ်းပကား ကို ထိရောက်စွာ အသုံးချ နိုင်ရန် လိုအပ်ကြောင်း ၊ နေ့စဉ် ဆောင်ရွက်ရမည့် သမားစဉ် လုပ်ငန်းများ သည်လည်း စစ်သား ပီသရေး ၊ လေ့ကျင့်ရေး တို့အတွက် များစွာ အထောက် အကူပြုကြောင်း ၊ ထို့အပြင် ညီညွတ် မျှတသော ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ရှိရမည် ဖြစ်ကြောင်း ၊ ဆောင်ရွက် ပေးသင့်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ် များကိုလည်း မှန်မှန် ကန်ကန် ဆောင်ရွက် ကြရန် လိုကြောင်း ဖြင့် အမှာစကား ပြောကြား သည်။

တိုက်လေယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သင်တန်းသား အရာရှိကြီး များနှင့် တပ်နယ်မှ အရာရှိ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger